နန့်​ပဒဲ​ရွှေ​မှော်​သွားရာ လမ်း​ဘေး တစ်​​နေရာ မိုင်းပေါက်​ကွဲမှုဖြစ်


အင်းတော်ကြီး သြဂုတ် ၂

မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ လွဲမွန်ကျေးရွာအုပ်စု နန့်ပဒဲကျေးရွာအနောက် ၇မိုင်ခန့်ကွာနန့်ပဒဲရွှေ​မှော်သွားရာ လမ်းနဘေး၌ သြဂုတ်​လ(၂)ရက်​​နေ့ ​နေ့လည်​(၁၂)နာရီအချိန်​ခန့်​တွင်​မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့​ကြောင်း သိရသည်​။


ဖြစ်စဉ်မှာ နန့်ပဒဲရွှေမှော်သို ​ဈေးရောင်းရန် မိသားစုသုံးဦးသည် ဆိုင်ကယ်နှစ်စီးဖြင့် သွားခဲ့စဉ်
နန့်ပဒဲရွာအနောက် ၇ မိုင်ခန့်အရောက်တွင် လမ်းဘေးမှ မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လွဲမွန်ကျေးရွာနေဒေါ်သန်းစိန် အသက်(၆၇)နှစ် ညာခြေထောက်ညာ လက်ဒဏ်ရာရရှိခဲ့ပြီး မောင်ရန်မျိုး​အောင် အသက်​(၂၃)နှစ် ညာခြေထောက်ဒဏ်ရာ၊ မောင်ဝေဖြိုးကျော် အသက် (၂၀ )နှစ်ညာခြေထောက်ဒဏ်ရာနှင့် ကျောရိုး ၁လက်မအကျယ် ၁ လက်မအနက်(စိုးရိမ်ရ)ဒဏ်ရာ အသီးသီးရှိကြကာ လုံးတုံတိုက်နယ်ဆေးရုံသို့ ​ဆေးဝါးကုသလျက်ရှိသည်ဟု ကနဦးသိရသည်။

နေကြာ(အင်းတော်ကြီး)
EPN
https://www.facebook.com/epngnews/
နန့်​ပဒဲ​ရွှေ​မှော်​သွားရာ လမ်း​ဘေး တစ်​​နေရာ မိုင်းပေါက်​ကွဲမှုဖြစ်​ နန့်​ပဒဲ​ရွှေ​မှော်​သွားရာ လမ်း​ဘေး တစ်​​နေရာ မိုင်းပေါက်​ကွဲမှုဖြစ်​ Reviewed by THITHTOOLWIN on 21:01 Rating: 5
Powered by Blogger.