ဖားကန့် နမ့်မှော်တွင် ရဲ နှင့် ရေမဆေးသမားများ ခိုက်ရန် ဖြစ်ပွား

သြဂုတ် ၂၆၊ ၂၀၁၈ ရက်နေ့ ဖားကန့် နမ့်မှော်တွင် ရဲ နှင့် ရေမဆေးသမားများ ခိုက်ရန် ဖြစ်ပွား
ကချင်ပြည်နယ် ဖားကန့်၊ နမ့်မှော်ကျေးရွာအနီးရှိ ရတနာစမ်းရွှင် ကုမ္မဏီတွင် ရဲများနှင့် ရေမဆေးသမားများ ပြဿနာဖြစ်ကြရာ နှစ်ဖက် စလုံး ထိခိုက် ဒဏ်ရာ ရရှိခဲ့မှု သြဂုတ် (၂၆) ရက်နေ့က ဖြစ်ပွားခဲ့သည်။

တနင်္ဂနွေနေ့ မွန်းလွဲပိုင်းတွင် ရေမဆေးသမားများက ကင်းစောင့်ရဲများကို ခဲများနှင့် ပစ်ပေါက်လာသဖြင့် ရဲများမှ သေနတ်ဖြင့် ပြန်လည် ပစ်ဖောက်ခဲ့သည် ဟု နမ့်မော် (Nam Maw) ရပ်ကွက်(၂) ရွာအိမ်မှူး တာဝန်ခံ ဦး Naw Htoi (နော်ထွယ်) က ယခုလို ကချင်သတင်းဌာန KNG ကို ပြောသည်။

“ရေမဆေးသမားတွေကို ကုမ္မဏီက (၄)နာရီမှာ ဝင်ခိုင်းတယ်။ ရဲအဖွဲ့က သူတို့ကိုစောင့်ခိုင်းတယ်။ ဒါပေမဲ့ ရေမဆေးသမားတွေက မစောင့်နိုင်ဘဲ ကင်းစောင့်ရဲတွေကို ခဲနဲ့ ပစ်ပေါက်လာတဲ့အတွက် ရဲတွေ လည်း သေနတ်နဲ့ ပြန်ပစ်တယ်။”

ဖြစ်စဉ်တွင် ရေမဆေးသမား (၄)ဦး ဒဏ်ရာရှိပြီး ရဲ (၅)ဦးလည်း ဒဏ်ရာရှိခဲ့သည်။

Kachinnews
http://kachinnews.com/
ဖားကန့် နမ့်မှော်တွင် ရဲ နှင့် ရေမဆေးသမားများ ခိုက်ရန် ဖြစ်ပွား ဖားကန့် နမ့်မှော်တွင် ရဲ နှင့် ရေမဆေးသမားများ ခိုက်ရန် ဖြစ်ပွား Reviewed by THITHTOOLWIN on 20:54 Rating: 5
Powered by Blogger.