![]() |
Photo: REUTERS/Akhtar Soomro |
တနင်္ဂနွေနေ့က စက်ရုံအပြင် အဝင်ဂိတ်မှာ အဲဒီ တရုတ်နိုင်ငံသား ၈ ဦး ပါဝင်တဲ့ ကားကို ရပ်တန့်စစ်ဆေးခဲ့ရာမှာ လက်နက်တွေနဲ့ ကျည်ဆန်တွေ တွေ့ရှိခဲ့ရတာဖြစ်ကြောင်း၊ အဲဒီ ၈ ဦးကို စစ်ဆေးမေးမြန်းနေကြောင်း ရဲတပ်ဖွဲ့ အရာရှိတဦးကပြောပါတယ်။
ကမ္ဘာတဝှမ်း စင်္ကြန်နဲ့ ပတ်လမ်းစီမံကိန်း ဖြန့်ကျက်ဖို့ ကြိုးစားနေတဲ့ တရုတ်ပြည်ဟာ ပါကစ္စတန်နိုင်ငံရဲ့ စွမ်းအင်နဲ့ တခြားစီမံကိန်းတွေမှာ ကြီးကြီးမားမား ရင်းနှီးမြှုပ်နှံထားသလို၊ ထောင်နဲ့ချီတဲ့ တရုတ်အလုပ်သမားတွေကိုလည်း ပါကစ္စတန်ကို စေလွှတ်ထားပါတယ်။
ပြီးခဲ့တဲ့ စနေနေ့က ဘလူချီစတန်ပြည်နယ်မှာ တရုတ်အင်ဂျင်နီယာတွေလိုက်ပါလာတဲ့ ဘတ်စကားတစီး အသေခံဗုံးခွဲခံခဲ့ရလို့ တရုတ်အင်ဂျင်နီယာ သုံးဦးနဲ့ လုံခြုံရေးအစောင့် သုံးဦး ထိခိုက်ဒဏ်ရာရခဲ့ကြပါတယ်။
ခွဲထွက်ရေးအဖွဲ့တဖွဲ့ဖြစ်တဲ့ ဘလူချီစတန် လွတ်မြောက်ရေးတပ်က သူတို့လက်ချက်ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။
RFA Burmese
https://www.facebook.com/rfaburmese/
လက်နက်သယ်လာတဲ့ တရုတ်နိုင်ငံသား ၈ ဦးကို ပါကစ္စတန်ရဲ ဖမ်းဆီး
Reviewed by THITHTOOLWIN
on
10:22
Rating:
