![]() |
ရန်ကုန်တက္ကသိုလ်ထဲ အနှစ် ၃ဝ အကြာ ၈လေးလုံးအတွက် ပွဲဆင်နွှဲနိုင်ပြီ |
၈၈ မျိုးဆက် ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးမင်းကိုနိုင်က အခု အခြေအနေမှာ လွှတ်တော်တွေ ပေါ်လာပြီး လွတ်လပ်စွာ ရေးသား ပြောဆိုခွင့်တွေ အတန်အသင့် ရလာပေမယ့် ၈၈၈၈ အရေးတော်ပုံရဲ့ မူလ ရည်မှန်းချက်ကို မရောက်သေးဘူးလို့ ပြောပါတယ်။
![]() |
တူသူတွေကြားမှလည်း ညီညွတ်ရေး တည်ဆောက်ဖို့လို |
၈ လေးလုံးရဲ့ မူလ ရည်မှန်းချက်ဖြစ်တဲ့ ဒီမိုကရေစီ ဖက်ဒရယ် နိုင်ငံ ပေါ်ပေါက်ဖို့အတွက် ညီညွတ်ရေးက အရေးကြီးတယ်လို့ ဦးမင်းကိုနိုင်က ပြောပါတယ်။
လူထုအရေးတော်ပုံ ကြီး ဖြစ်ခဲ့အပြီး နှစ်ပေါင်း ၃ဝ ကြာအောင် နိုင်ငံရေး လှုပ်ရှားမှု အဆင့်ဆင့်ကို ဖြတ်ကျော်လာရင်း မြန်မာ နိုင်ငံမှာ အရပ်သား စစ်စစ် ခေါင်းဆောင်တဲ့ အစိုးရ တရပ် ပြန်လည် ပေါ်ထွက်လာခဲ့ပါတယ်။
![]() |
အရက်စက်ဆုံး ဖိနှိပ်ခံခဲ့ရတဲ့ အကြောင်း အင်းစိန်ထောင်ပုံတူနဲ့ မျိုးဆက်သစ်တွေကို ရှင်းပြ
|
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦးက ဥက္ကဋ္ဌ ရဲဘော်သံခဲကလည်း ပြည်တွင်းစစ် ရပ်စဲရေး ဆောင်ရွက်ဖို့လို ကိစ္စတွေ ရှိနေတဲ့ အတွက် ညီညွတ်ရေး တည်ဆောက်ဖို့ အရေးကြီးတယ်လို့ ပြောပါတယ်။
၂၀၁၈ ခုနှစ် သြဂုတ်လ ၈ ရက် နေ့ဟာ တစ်ပါတီ အာဏာရှင် စံနစ် ဖြုတ်ချရေးအတွက် တစ်နိုင်ငံလုံး ပါဝင် တောင်းဆိုခဲ့တဲ့ လူထု လှုပ်ရှားမှုကြီး စတင်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ပြည့်တဲ့နေ့ ဖြစ်ပါတယ်။
၁၉၈၈ ခုနှစ်က စတင်ခဲ့တဲ့ ၈၈၈၈ အနှစ် ၃၀ ပြည့် အခမ်းအနားကို အခုနှစ်မှာတော့ ပထဆုံး အကြိမ် ရန်ကုန် တက္ကသိုလ်ဝန်းထဲမှာ ကျင်းပနိုင်ခဲ့ ပါတယ်။
![]() |
၈၈၈၈ လှုပ်ရှားမှု နှစ် ၃၀ အကြာမှာ တက္ကသိုလ်နယ်မြေထဲ ပထမဆုံး အခမ်းအနား ကျင်းပနိုင်ခဲ့ |
အစိုးရ ဘက်ကတော့ ဝန်ကြီး ဦးဖေမြင့်၊ ရန်ကုန်တိုင်း ဒေသကြီးကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့ တက်ရောက်ခဲ့ပါတယ်။
နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်ကို ဖိတ်ကြားခဲ့ပေမဲ့ တက်ရောက်တာ မတွေ့ရပါဘူး။
BBC Burmese
https://www.bbc.com
လွန်ခဲ့တဲ့ နှစ် ၃၀ က လိုလားချက်တွေ အခုထိ မပြည့်မီသေး
Reviewed by THITHTOOLWIN
on
07:41
Rating:
