![]() |
လူ ၁၀ ဉီးထက် မနည်း သေဆုံး |
တံတား ကျိုးကျ ခဲ့တဲ့ ဖြစ်ရပ် က ဝမ်းနည်း ဖွယ်ရာ ကံဆိုးမိုးမှောင် ကျတဲ့ အဖြစ်ဆိုးကြီး ဖြစ်ကြောင်း အီတလီ ကုန်းလမ်း ပို့ဆောင်ရေး ဝန်ကြီး ဒယ်နီလို တိုနင်နယ်လီ က ပြောပါတယ်။
လူမှုကွန်ရက် စာမျက်နှာတွေ မှာ တင်ထားတဲ့ ဗီဒီယို တွေထဲမှာ၊ မိုးလေ ပြင်းထန် နေတဲ့ အချိန်မှာ အမြန်လမ်းကို ချိတ်ဆက် ထားတဲ့ ကြိုးတံတား ကြီး ဟာ ကျိုးကျ ပျက်စီး နေတဲ့ ပုံကို တွေ့မြင်ရပါတယ်။
ကြိုးတံတားအောက်က ရထားလမ်းပေါ်ကို တံတား အပိုင်းအစတွေ ပြုတ်ကျခဲ့တဲ့ အပြင်၊ အဲဒီ အနီးအနား က ကားတွေပေါ် ကိုလည်း အပျက်အစီး အပိုင်းအစ တွေ ကျရောက် ခဲ့တာကြောင့် လူထိခိုက် သေဆုံးမှုတွေ ဖြစ်ပေါ် ခဲ့ရတာပါ။
![]() |
မိုရန်ဒီ တံတားလို့ သူသိများ |
ဒေသစံတော်ချိန် မနက် ၁၀ နာရီလောက်မှာ မိုးသည်းသည်းမည်းမည်း ရွာနေ တဲ့ အချိန်မှာ တံတားပြိုကျမှု ဖြစ်ပွား ခဲ့ပြီး တံတား ကို ထောက်ကန် ပေးထားတဲ့ ဒေါင် ကွန်ကရစ် တိုင်တွေလည်း ပျက်ထွက်သွားခဲ့ပါတယ်။ အဲဒီ ဂျီနိုအာ အမြန်လမ်း အစိတ်အပိုင်း တချို့ဟာလည်း ပျက်စီး မှုတွေ ဖြစ်ပေါ် ခဲ့ရပါတယ်။
တံတားကြီးပြိုကျခဲ့ချိန်က တံတားပေါ်မှာ အတော်များများ ရှိနေခဲ့ကြတဲ့ ကားတွေ ကုန်တင်ကားတွေက မြေပြင်ပေါ် ထိုးကျ သွားခဲ့ကြပါတယ်။ ကောင်းကင်ကြီးပြိုကျမတတ်မိုးလေပြင်းထန်တဲ့ ရာသီဥတု အခြေအနေအတွင်း ကြိုးတံတား ပြိုကျခဲ့တာလို့ ရဲတွေက ပြောပါတယ်။
အရေးပေါ် ကယ်ဆယ်ရေး လုပ်သားတွေက ပြိုကျတဲ့ တံတားအပျက်အစီးပုံအောက် ပိနေကြသူတွေ၊ ထို့ကျသွားတဲ့ ကားတွေထဲ ရှိနေသူတွေကို အနံ့ခံခွေးတွေ သုံးပြီး ရှာဖွေ ကယ်ထုတ်ဖို့ ကြိုးစား နေပါတယ်။ ဒဏ်ရာရသူ အတော်များများကို ဆေးရုံခေါ်သွားခဲ့ကြပါတယ်။
BBC Burmese
https://www.bbc.com/burmese
အီတလီ ဂျီနိုအာ တံတား ကျိုးကျလို့ လူ ၁၀ ယောက် ထက် မနည်းသေဆုံး
Reviewed by THITHTOOLWIN
on
20:57
Rating:
