မိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူ အုတ်ဖိုမြို့ပေါ်နှင့်ကျေးရွာပေါင်း ၃၀ ကျော်တွင် ရေဝင်


ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) အုတ်ဖိုမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူ တောင်ကျချောင်းရေ များဝင်ရောက်လာ မြို့ပေါ်ရပ်ကွက်များနှင် ကျေးရွာပေါင်း ၃၀ ကျော်တွင် ရေကြီးရေလျှံမှု ဖြစ်ပေါ်လျက်ရှိ ကြောင်း အုတ်ဖိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ သိရှိရသည်။
အုတ်ဖိုမြို့နယ်အတွင်း သြဂုတ် ၂၇ ရက်က မိုးရေချိန် ၅.၂၅ လက်မအထိရွာသွန်းခဲ့ပြီး သြဂုတ် ၂၉ ရက်တွင် မြို့နယ်အတွင်း ရန်ကုန်-ပြည် ကားလမ်းပေါ်ရေကျော်ခြင်း၊ မြို့ပေါ်ရပ်ကွက် ၆ ခုရေဝင်ခြင်းနှင့် ကျေးရွာအုပ်စု ၈ ခုမှ ကျေးရွာ ၃၂ ခုတွင် ရေဝင်ခဲ့ခြင်းလည်းဖြစ်သည်။


“ကူညီကယ်ဆယ်မှုကတော့ ရေကတော့ အကုန်လုံးနစ်နေကြတယ်။ အဲ့ထဲမှာ ချက်ပြုတ်စားသောက်ဖို့အဆင်မ ပြေတဲ့အိမ်တွေကို မြို့နယ်တွင်းမှာရှိတဲ့ ရေလွတ်တဲ့နေရာကသူတွေလာလှူတဲ့ ထမင်းထုပ်တွေဝေတယ်။ ရဲတပ် ဖွဲ့ကတော့ ရေသန့်တွေဝေပေးတယ်။ ခန်းမမှာတော့ ယာယီဆေးကုနိုင်ဖို့ ဆေးခန်းဖွင့်ထားပေးတယ်။ ဖြစ်တာ တော့ မနေ့ကမှစဖြစ်တာ၊ အပေါ်ကရေက အခုမှရောက်လာတာမျိုးပေါ့။ အုတ်ဖိုမြို့က ချိုင့်ကြီးလိုဖြစ်နေတော့ နှစ်တိုင်းလည်းရေဝင်တယ်။ ဒီနှစ်ကပိုများသွားတယ်ပေါ့”ဟု အုတ်ဖိုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်ဦးက သြဂုတ် ၃၀ ရက်တွင် ပြောသည်။ကျေးရွာများရှိ လယ်ယာမြေများလည်း ရေဝင်လျှက်ရှိပြီး ရေမြုပ်သည့်ဧရိယာများကို ရပ်ကျေးလယ်စီအဖွဲ့များ နှင့် စာရင်းကောက်ယူမှုများပြုလုပ်လျှက်ရှိကာ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဌာနဆိုင်ရာများ၊ ဒေသ တွင်းပရဟိတအဖွဲ့များနှင့် ပူးပေါင်းလုပ်ဆောင်နေကြကြောင်း သိရသည်။


“တပ်ဖွဲ့အနေနဲ့ကတော့ ဌာနဆိုင်ရာတွေနဲ့ အခြားအဖွဲ့တွေနဲ့ အားလုံးပူးပေါင်းပြီး ရန်ကုန်-ပြည်လမ်းမှာ ရေကျော် နေတာမှာ ယာဉ်ရှင်းတာတွေ သွားပြီးဆောင်ရွက်တယ်။ မြောင်းတွေပိတ်ဆို့နေတာတွေ၊ ဆယ်ယူတာတွေ ဆောင်ရွက်တယ်။ ကျေးရွာတွေမှာ ဘယ်နေရာရေပေါက်နိုင်လဲ၊ အဲဒါတွေလိုက်ကြည့်တယ်။ အခုတော့ ရေသန့် ဘူးဝေတာတွေလုပ်နေပါတယ်”ဟု အုတ်ဖိုမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဝင်းနိုင်ကပြောသည်။

လတ်တလောတွင် မြို့ပေါ်ဈေးနှင့် မြို့နယ်တွင်းစာသင်ကျောင်း(၂၅)ခုလည်းပိတ်ထားရပြီး သြဂုတ် ၂၉ ရက်က တက္ကသိုယ်ဝင်တန်းကျောင်းသားတစ်ဦး ရေဆင်းကူးရာမှ ပျောက်ဆုံးနေကာ ရှာဖွေတွေ့ရှိခြင်းမရှိသေးကြောင်း သိရသည်။

ရတနာပုံ နေ့စဉ်သတင်းစာ
https://www.facebook.com/yadanabonnewspaper/
မိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူ အုတ်ဖိုမြို့ပေါ်နှင့်ကျေးရွာပေါင်း ၃၀ ကျော်တွင် ရေဝင် မိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူ အုတ်ဖိုမြို့ပေါ်နှင့်ကျေးရွာပေါင်း ၃၀ ကျော်တွင် ရေဝင် Reviewed by THITHTOOLWIN on 20:28 Rating: 5
Powered by Blogger.