သုဝဏ္ဏဝတီမြို့ မြို့မဈေး၌ ဈေးဆိုင်ခန်းများ မကြာခဏ ဖောက်ထွင်း ခိုးယူခံရမူများ ရှိနေ


သုဝဏ္ဏဝတီမြို့ သြဂုတ် ၁၅ ။

မွန်ပြည်နယ် သုဝဏ္ဏဝတီမြို့ မြို့မဈေးကြီးတွင် ရှိသော ဈေးဆိုင်ခန်း များသည် မကြာခဏဆိုသလို ဈေးဆိုင်များ ဖောက်ထွင်းခိုးယူမူ ခံနေရကြောင်း သိရသည် ။

မြို့မဈေးမှာ ဆိုင်ခန်းပေါင်း ၃၆၀ခန်းခန့် ရှိပြီး ဗျပ်တိုးဆိုင်ခန်းပေါင်း တစ်ရာကျော် ရှိတယ် ၊ ဈေးအတွင်းမှာ ပစ္စည်းတွေ ခိုးယူမူတွေ ဖြစ်ပွားရင် သက်ဆိုင်ရာကို တိုင်တဲ့အခါ ဥပဒေအရ ဆိုင်ခန်းခ တစ်လစာ ၁၂၀၀ ကျပ်မှ ၃၀၀၀ ကျပ်အထိ ရဲ့ ၁၂ဆ ရှိသော တန်ဖိုးသာ ဈေးဆိုင်အတွင်းမှာ ထားခွင့်ရှိတဲ့အတွက် ပျောက်ဆုံးတဲ့တန်ဖိုးက အဆမတန်များပြားနေတဲ့အတွက် တရားစွဲ/ တိုင်တန်းဖို့အတွက် အခက်အခဲတွေရှိနေပါတယ် သက်ဆိုင်ရာတွေကိုတော့ အကြောင်းကြား ထားပါတယ် ဟု ခိုးယူခြင်းခံရသူ တယ်လီဖုန်းပစ္စည်းအရောင်းဆိုင်မှ ဆိုင်ရှင်က ပြောသည် ။

 ဈေးထဲမှာ လုံခြုံရေးအစောင့် ၃ ဦးရှိတယ် ၊ ဒါပေမယ့် ဈေးထဲမှာ မကြာခဏ ဈေးဆိုင်ခန်းတွေ အခိုးခံရတာ ရှိပေမဲ့ တရားခံကို တစ်ခါမှ မမိသေးဘူး ၊ဒါ့အပြင် မီးဘေးလုံခြုံရေးအတွက် တစ်ချို့ဈေးဆိုင်ခန်းများက ရှေ့ကို ကျုးကျော်ဆောက်လုပ် ရောင်းချနေသောကြောင့် တစ်ဆိုင်နှင့် တစ်ဆိုင် အလွန်နီးကပ်နေလို့ မီးဘေးအန္တရာယ်လဲ ရှိတယ် ဟု ဈေးသူ/ဈေးသားများက ဆိုသည် ။

အဆိုပါ သုဝဏ္ဏဝတီမြို့ မြို့မဈေးသည် ရန်ကုန်- မော်လမြိုင် အဝေးပြေးလမ်းမကြီးနှင့် အလွန်နီးကပ်စွာ တည်ရှိနေသည့်အပြင် ဈေးဖွင့်ချိန်ရက်အတွင်း ဈေးဝယ်သူများနှင့် အလွန်စည်ကားပြီး မကြာခဏ ယာဉ်ကြောပိတ်ဆို့ရာ နေရာလည်း ဖြစ်ကြောင်း သိရသည် ။

ခွန်(ဝင်းပ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
သုဝဏ္ဏဝတီမြို့ မြို့မဈေး၌ ဈေးဆိုင်ခန်းများ မကြာခဏ ဖောက်ထွင်း ခိုးယူခံရမူများ ရှိနေ သုဝဏ္ဏဝတီမြို့ မြို့မဈေး၌ ဈေးဆိုင်ခန်းများ မကြာခဏ ဖောက်ထွင်း ခိုးယူခံရမူများ ရှိနေ Reviewed by THITHTOOLWIN on 20:57 Rating: 5
Powered by Blogger.