မော်လိုက်မြို့၌ အရက်သေစာ အတူသောက်စားရာမှ လူသတ်မှုဖြစ်ပွား


မော်လိုက် သြဂုတ် ၂၆

စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်မြို့ သရက်ကုန်းရပ်ကွက်တွင် ဖွင့်လှစ်ထားသည့် CS2A (လိုင်စင်) အရက်ဆိုင်ပိုင်ရှင်၏ နေအိမ်၌ ယမန်နေ့ နံနက်ပိုင်းက အရက်သေစာ အတူသောက်စားရာမှ လူသတ်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ သရက်ကုန်းရပ်ကွက်နေ အောင်မြင့်မြတ်(ခ) ကိုပေါက် CS2A (လိုင်စင်) အရက်ဆိုင် ပိုင်ရှင်သည် ၎င်း၏ ဇနီးဖြစ်သူ ခရီးသွားနေသဖြင့် သရက်ကုန်းရပ်ကွက်နေ ကျော်ဆွေက အဖော်ဖြစ် လာရောက်အိပ်ပေးရာမှ သြဂုတ်လ ၂၄ ရက်နေ့ ညပိုင်းတွင် အရက်သေစာများ အတူသောက်စား နေစဉ် ညဥ့်နက်ပိုင်းအချိန် ကျော်ဆွေမှ အရက်ဆိုင်ပိုင်ရှင် အောင်မြင့်မြတ်၏ ဇနီးဖြစ်သူအား မဖွယ်မရာ အကြိမ်ကြိမ် ပြောနေသဖြင့် အောင်မြင့်မြတ်မှ အရှည်(၃)ပေခန့် လုံးပတ် (၃)လက်မခန့်ရှိ တရုတ် ဇီးသီးပင် ကိုင်းသားဖြင့် (၃) ချက် ရိုက်ခဲ့ရာ ဦးခေါင်း ငယ်ထိပ်/နောက်စေ့ ပေါက်ပြဲဒဏ်ရာ ဝဲ/ယာ မျက်ခုံးအတွင်း ပေါက်ပြဲဒဏ်ရာများ ရရှိခဲ့ပြီး ယင်းဒဏ်ရာများကြောင့် ကျော်ဆွေမှာ အခင်းဖြစ်ပွားရာ နေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်များနှင့် ပတ်သက်၍ မော်လိုက်မြို့မရဲစခန်းမှ အောင်မြင့်မြတ် (ခ) ကိုပေါက်အား အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

မော်လိုက်သားလေး
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
မော်လိုက်မြို့၌ အရက်သေစာ အတူသောက်စားရာမှ လူသတ်မှုဖြစ်ပွား မော်လိုက်မြို့၌ အရက်သေစာ အတူသောက်စားရာမှ လူသတ်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 22:09 Rating: 5
Powered by Blogger.