လမ်းဘေးချရပ်ထားသည့် ၂၂ ဘီးထွေလာယာဉ်အား ၁၂ ဘီးကုန်တင် ယာဉ်မှအရှိန်လွန်ဝင်တိုက်မိ ယာဉ်မောင်းနှင်သူသေဆုံး

လမ်းဘေးချရပ်ထားသည့် ၂၂ ဘီးထွေလာယာဉ်အား ၁၂ ဘီးကုန်တင် ယာဉ်မှအရှိန်လွန်ဝင်တိုက်မိ ယာဉ်မောင်းနှင်သူသေဆုံး
တောင်ငူ သြဂုတ် ၁၉

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် မဟင်ကျေးရွာအုပ်စု ဥယျာဉ်စုကျေးရွာအနီး ရန်ကုန်-မန္တလေးကားလမ်းဟောင်းတွင် ယနေ့နံနက် ၂ နာရီခွဲအချိန်ခန့်က လမ်းဘေးချရပ်ထား သော ၂၂ ဘီးထွေလာယာဉ်အား ၁၂ ဘီးကုန်တင်ယာဉ်မှ အရှိန်လွန်ဝင်ရောက် တိုက်မိခဲ့ရာ ယာဉ်မောင်းနှင်သူသေဆုံးကာ တစ်ဦးဒါဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

 ယာဉ်တိုက်မှုဖြစ်ပွားကြောင်းသတင်းအရ ကျွန်းကုန်းနယ်မြေရဲစခန်းမှ တာဝန်မှူး ဒုရဲအုပ် တိုးဝေကျော် နှင့်အဖွဲ့ကသွားရောက်စစ်ဆေးခဲ့ရာ ရန်ကုန်-မန္တလေးကားလမ်းအတိုင်း မြောက်မှတောင်သို့ ဖြိုးကျော်(၃ဝ)နှစ်၊ ဥယျဉ်စုရွာ၊ တောင်ငူမြို့နယ် နေသူမောင်းနှင်ပြီး ဇော်လွင်ဦး(၂ဝ)နှစ်၊ အလုံမြို့နယ်၊ ရန်ကုန်မြို့နေသူလိုက်ပါလာသောYGN-6E/---- ၂၂ ဘီးထွေလာ ယာဉ်သည် အချက်ပြမီးများပြလျက် လမ်းဘေးတွင်ချရပ်ထားစဉ် လမ်းကြောင်းတူ အောင်ဝင်း စိုး(၃၅)နှစ်၊(အမည်၊နေရပ်စုံစမ်းဆဲ)၊ မောင်းနှင်ပြီး၊ ထွန်းသိန်း(၃၆)နှစ်၊ ချမ်းမြေ့သာစံမြို့နယ်၊ မန္တလေးမြို့ နေသူလိုက်ပါလာသော 7B/-------နီဆန်း ၁၂ ဘီးကုန်တင်ယာဉ်မှ အရှိန်လွန်ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်သည်။

ယာဉ်တိုက်မှုကြောင့် ယာဉ်မောင်း အောင်ဝင်းစိုး ၏ ဦးခေါင်းတွင်ပေါက်ပြဲဒါဏ်ရာများဖြင့် သေဆုံးခဲ့ပြီး ထွန်းသိန်း တွင်(မစိုးရိမ်ရ)ဒါဏ်ရာများရရှိခဲ့ကြောင်းသိရ၍ ကျွန်းကုန်းနယ်မြေရဲစခန်းမှ အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်းသိရသည်။

ကိုလွင်(ဆွာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
လမ်းဘေးချရပ်ထားသည့် ၂၂ ဘီးထွေလာယာဉ်အား ၁၂ ဘီးကုန်တင် ယာဉ်မှအရှိန်လွန်ဝင်တိုက်မိ ယာဉ်မောင်းနှင်သူသေဆုံး လမ်းဘေးချရပ်ထားသည့် ၂၂ ဘီးထွေလာယာဉ်အား ၁၂ ဘီးကုန်တင် ယာဉ်မှအရှိန်လွန်ဝင်တိုက်မိ ယာဉ်မောင်းနှင်သူသေဆုံး Reviewed by THITHTOOLWIN on 20:21 Rating: 5
Powered by Blogger.