ချီလီတွင် ဘိုးဘွားရိပ်သာမီးလောင်မှုကြောင့် လူ ၁၀ ဦး သေဆုံး

မီးလောင်မှုဖြစ်ပွားသည့်နေရာအား ချီလီနိုင်ငံ သမ္မတ Sebastian Pinera လာရောက် ကြည့်ရှုစဉ် (ဆင်ဟွာ)
ဆန်ဒီယာဂို ၊ သြဂုတ် ၁၅ ရက်(ဆင်ဟွာ)

    ချီလီနိုင်ငံ အလယ်ပိုင်း Biobioဒေသ Chiguayanteမြို့ရှိ ဘိုးဘွားရိပ်သာတစ်ခု သြဂုတ် ၁၄ ရက်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ရာ လူ ၁၀ ဦး သေဆုံးပြီး ၁ ဦး မီးလောင်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါမီးလောင်မှုမှာ ဒေသစံတော်ချိန် နံနက် ၃ နာရီခွဲခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ၊ ဘိုးဘွား ရိပ်သာဝန်းအတွင်းရှိ ဘန်ဂလိုလေးတစ်ခုက မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း ၊ ၄င်းဘန်ဂလို အတွင်း နေထိုင်သူ အဘွားအို ၁၃ ဦးရှိရာ ၁၀ ဦး သေဆုံးခဲ့ပြီး ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ၄င်းဒေသရှိ  အရာရှိတစ်ဦးက ဆိုပါသည်။
မီးလောင်မှုဖြစ်ပွားသည့်နေရာအား ချီလီနိုင်ငံ သမ္မတ Sebastian Pinera လာရောက် ကြည့်ရှုစဉ် (ဆင်ဟွာ) 
မီးလောင်မှုဖြစ်ပွားပြီးနောက် ချီလီနိုင်ငံ သမ္မတ Sebastian Pineraနှင့် ပြည်ထဲရေးဝန်ကြီး Andres Chadwick တို့က အခင်းဖြစ်ပွားသောနေရာကို သွားရောက်ခဲ့ကြောင်း သိရသည်။

 “လက်ရှိ မီးလောင်မှုဖြစ်ပွားရတဲ့အကြောင်းအရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ပါတယ်။ အခင်းဖြစ်ပွား တဲ့ ဘိုးဘွားရိပ်သာက သမိုင်းရှည်ကြာပြီး နာမည်သတင်းကောင်းရှိတဲ့ ရိပ်သာတစ်ခုပါ။ ဒါပေမဲ့ ယခုသေဆုံးဒဏ်ရာရမှုတွေမှာ တာဝန်ရှောင်လွဲလို့တော့ မရပါဘူး” ဟု ချီလီသမ္မတ Sebastian Pineraက ပြောကြားခဲ့သည်။

short circuit ဖြစ်ခြင်းကြောင့် မီးလောင်မှုဖြစ်ပွားခြင်းဖြစ်နိုင်ကြောင်း Chiguayanteမြို့၏မြို့တော်ဝန် က ဆိုပါသည်။

(Xinhua)
http://www.xinhuamyanmar.com
ချီလီတွင် ဘိုးဘွားရိပ်သာမီးလောင်မှုကြောင့် လူ ၁၀ ဦး သေဆုံး  ချီလီတွင် ဘိုးဘွားရိပ်သာမီးလောင်မှုကြောင့် လူ ၁၀ ဦး သေဆုံး Reviewed by THITHTOOLWIN on 18:37 Rating: 5
Powered by Blogger.