ရေစီးသန်သည့်မြောင်းအား လက်ချင်းချိတ်၍ ဖြတ်ကူးရာမှ ရေစီးနှင့်အတူမျှောပါ


ဘားအံ သြဂုတ် ၆

ကရင်ပြည်နယ် ဘားအံမြို့ အမှတ်(၉)ရပ်ကွက် ၀ါဆိုဦးဘုန်းတော်ကြီး ကျောင်းအနောက်ဘက် လှိုင်းပုံ တံတားအနီးရှိ မြောင်းအတွင်း သြဂုတ် ၅ ရက် နံနက် ၁၀ နာရီအချိန်က လူနှစ်ဦး ရေစီးထဲမျှောပါသွားကြောင်း သိရသည်။

ဘားအံမြို့နယ် လှကမြင်ကျေးရွာအုပ်စု မဲဘောင်ကျေးရွာ ပိန္နဲတောရပ်နေ ကုလား(ခ)ဇင်မင်းလတ် အသက် ၄၀ နှစ်၊အမှတ်(၉) ရပ်ကွက်၊၀ါဆိုဦးရပ်နေ မျိုးဇော်အောင် အသက် ၁၆ နှစ်နှင့် အပေါင်းအပါ ငါးဦးတို့သည် မျှစ်ချိုးထွက်ခဲ့ရာမှ လှိုင်းပုံတံတားအနီးရှိ မြောင်းသည် ရေစီးသန်သည့်အတွက် တစ်ဦးနှင့်တစ်ဦးလက်ချင်းချိတ်၍ ဖြတ်ကူးစဉ် ဦးကုလားနှင့် မျိုးဇော်အောင်တို့မှာ ရေစီးနှင့်အတူ မျှောပါသွားခြင်းဖြစ်ကြောင်း သိရသည်။

ရေစီးနှင့်အတူ မျှောပါသွားသူနှစ်ဦးအား ပြည်နယ်မီးသတ်ဦးစီး ဌာနမှ ဒုတိယပြည်နယ်မီးသတ်ဦးစီးမှူး ဦးကိုကိုဦးနှင့် တပ်ဖွဲ့ဝင်၂၀ ဦး၊ အမှတ်(၉)ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ ဝေဋုကျော်ဖောင်ဒေး ရှင်းမှ ဝေဋုကျော်နှင့်အဖွဲ့ဝင်များက ပူးပေါင်းရှာဖွေခဲ့ကြရာ ညနေ ၅ နာရီ အချိန်တွင် ကုလား(ခ)ဇင်မင်းလတ်၏ ရုပ်အလောင်း အား ရှာဖွေတွေ့ရှိ ခဲ့ပြီး ဘားအံပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကာ မျိုးဇော်အောင်အား ဆက်လက်ရှာဖွေလျက်ရှိကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ရေစီးသန်သည့်မြောင်းအား လက်ချင်းချိတ်၍ ဖြတ်ကူးရာမှ ရေစီးနှင့်အတူမျှောပါ ရေစီးသန်သည့်မြောင်းအား လက်ချင်းချိတ်၍ ဖြတ်ကူးရာမှ ရေစီးနှင့်အတူမျှောပါ Reviewed by THITHTOOLWIN on 19:29 Rating: 5
Powered by Blogger.