မျက်နှာအုပ်ထားတဲ့ နှစ်ကာ ဝတ်ထားတဲ့အတွက် ဒဏ်ကြေးပေးဆောင်ရ


၅ သြဂုတ်

ဒိန်းမတ်နိုင်ငံမှာ လူမြင်ကွင်းနှင့် သတင်းမီဒီယာပေါ်မှာ အစ္စလာမ်ဘာသာဝင် အမျိုးသမီးတိုင်း မျက်နှာ တစ်ခုလုံး ဖုံးအုပ်ထားတဲ့ အဝတ် (နှစ်ကာ) ဝတ်ဆင်မပြုရကြောင်း ဥပဒေပြဌာန်းထားပါတယ်။ အဲဒီဥပဒေကို ချိုးဖောက်တဲ့ အသက်၂၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးဟာ သောကြာနေ့က ဒဏ်ကြေးပေးဆောင် စေခဲ့ရပါတယ်။

အော်ရှိုးရှိ ရှော့ပင်းမော တစ်ခုမှာ အစ္စလာမ်ဘာသာဝင် အမျိုးသမီးဟာ မျက်နှာတစ်လုံး ဖုံးအုပ်လာတဲ့အတွက် တခြားဈေးဝယ်သူတစ်ဦးက အဲဒီမျက်နှာအုပ်ကို ဆွဲဖယ်ဖို့ ကြိုးစားခဲ့ပါတယ်။ အဲဒီရန်ပွဲကို ရောက်ရှိလာတဲ့ ရဲအရာရှိရဲ့ အပြောအရ အခင်းဖြစ်တဲ့နေရာကို သူရောက်သွားချိန်မှာ အစ္စလာမ်ဘာသာဝင် အမျိုးသမီးဟာ ကျွတ်သွားတဲ့ မျက်နှာအုပ်ကို ပြန်လည်ဝတ်ဆင်ပြီးပြီဖြစ်ပါတယ်။ လုံခြုံရေးကင်မရာကို စစ်ဆေးရာမှာလည်း သူမဟာ ရှော့ပင်းမောအတွင်းမှာ ရန်ပွဲမတိုင်မီ ကလည်း ဝတ်ဆင်ထားခဲ့တာကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

တားမြစ်ထားတဲ့ ဥပဒေကို ချိုးဖောက်တဲ့အတွက် အဲဒီအမျိုးသမီးကို ဒိန်းမတ်ငွေ ခရိုနာ ၁၀၀၀ (၁၅၆.၁၃၄ ယူရို) ကို ဒဏ်ကြေးအဖြစ် ပေးဆောင်စေခဲ့ပါတယ်။

ဒီဥပဒေဟာ သြဂုတ်လ ၁ ရက်နေ့က စတင်အသက်ဝင်ခဲ့တာဖြစ်ပြီး မျက်နှာ တစ်ခုလုံးဖုံးအုပ်ထားတဲ့ အဝတ် သို့မဟုတ် မျက်လုံး၂ လုံးသာ ဖော်ထားပြီး မျက်နှာတစ်ခုလုံး ဖုံးအုပ်ထားတဲ့အဝတ် (နှစ်ကာ) လူမြင်ကွင်းမှာ ဝတ်ဆင်တာကို တားမြစ်ထားပါတယ်။

တကယ်လို့ ထပ်ပြီး ပြစ်မှုကျူးလွန်လျှင် ခရိုနာ ၁၀,၀၀၀ အထိ ဒဏ်ငွေတိုးကောက်နိုင်ကြောင်း သိရပါတယ်။

လူ့အခွင့်အရေး လှုပ်ရှားသူတွေကတော့ အခုလို တားမြစ်တာဟာ အမျိုးသမီးတွေရဲ့ အခွင့်အရေးကို ချိုးဖောက်တာလို့ ဝေဖန်မှုတွေရှိနေပေမယ့် အဲဒီတားမြစ်မှုကို ထောက်ခံသူတွေက ဒိန်းမတ်လူ့အဖွဲ့အစည်းထဲကို ဝင်ရောက်လာမယ့် နိုင်ငံရွှေ့ပြောင်းလာတဲ့ မူစလင်တွေရဲ့ အယူအဆကိုလည်း ပြုပြင်ပြောင်းလဲရမယ်လို့ တုံ့ပြန်ထားပါတယ်။

ဥရောပတခွင်မှာ မျက်နှာဖုံးအုပ်ထားခြင်းကို တားမြစ်တဲ့ ကိစ္စဟာ လူပြောများတဲ့ အကြောင်းအရာတစ်ခု ဖြစ်နေပါတယ်။ အခုဆိုရင် ဘယ်လဂျီယံ၊ ပြင်သစ်၊ဂျာမနီ နဲ့ သြစတီးယာ နိုင်ငံတွေ မျက်နှာဖုံးအုပ်ထားတာကို လုံးဝတားမြစ်တဲ့သဘော ဒါမှမဟုတ် အနည်းငယ် အလျှော့အတင်းနဲ့ တားမြစ်တဲ့ သဘောမျိုးတွေ ရှိနေပါတယ်။

ကိုးကား- AFP
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews
မျက်နှာအုပ်ထားတဲ့ နှစ်ကာ ဝတ်ထားတဲ့အတွက် ဒဏ်ကြေးပေးဆောင်ရ မျက်နှာအုပ်ထားတဲ့ နှစ်ကာ ဝတ်ထားတဲ့အတွက် ဒဏ်ကြေးပေးဆောင်ရ Reviewed by THITHTOOLWIN on 21:19 Rating: 5
Powered by Blogger.