ကလောမြို့နယ်မှာ ယာဉ်တိုက်မှုဖြစ်ပွား ၊ (၂) ဦး သေဆုံး

ကလောမြို့နယ် သရက်ပုကျေးရွာအနီး ပြည်ထောင်စု လမ်းမပေါ်တွင် ယာဉ်တိုက်မှုဖြစ်ပွား
ကလော သြဂုတ် ၂၄

ရှမ်းပြည်နယ်(တောင်ပိုင်း)ကလောမြို့နယ် ၊ သရက်ပုကျေးရွာအနီး မိုင်တိုင်အမှတ်၈၄/၅နှင့်၈၄/၆ ကြားပြည်ထောင်စုလမ်းမပေါ်တွင် သြဂုတ် ၂၃ ရက် မွန်းလွဲ ၂း၃၀ အချိန်တွင် ပန်းချယ်ရီ(တောင်ကြီး- ပင်လောင်း)မှန်လုံယာဉ်နှင့် Light truck (အဖြူရောင်)ယာဉ် နှစ်စီးယာဉ်တိုက်မှုဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာပင်လောင်းမြို့နယ်နေသူမောင်စိုင်းဇော်ဝင်း မောင်းနင်လာသောပန်းချယ်ရီ(တောင်ကြီး -ပင်လောင်း)ပြေး ဆွဲသည့်ယာဉ်အမှတ်(9E/-----)ဖြူ/ပြာမှန်လုံယာဉ်သည်တောင်ကြီးဘက် မှအောင်ပန်းဘက်သို့၎င်းယာဉ်ကြောအတွင်းမောင်းနှင်နေစဉ်အောင်ပန်းဘက်မှ တောင်ကြီးဘက်သို့တောင်ကြီးမြို့နေသူ စိန်ပန်းရပ်ကွက် မှ ဦးမောင်မြင့် မောင်းနှင်လာသောယာဉ်အမှတ် 8F/----- Light truck( အဖြူရောင်သည်တဘက်ယာဉ်ကြောအတွင်းသို့မျက်နှာချင်းဆိုင်
ဝင်ရောက်တိုက်မှုဖြစ်ပွားခဲ့သည်။

ယာဉ်တိုက်မှုကြောင့် တောင်ကြီးမြို့နေသူယာဉ်မောင်းဦးမောင်မြင့်နှင့် ဒေါ်သန်းဌေးတို့သည် အခင်းဖြစ်ပွားရာ၌သေဆုံးခဲ့ပြီး ၊ ပွန်းပဲ့ပေါက်ပြဲထိခိုက်ဒဏ်ရာရရှိသူ များအား အောင်ပန်းတိုက်နယ်ဆေးရုံသို့ ပို့ ဆောင်ပေးခဲ့ရာ ပန်းချယ်ရီယာဉ်နောက်လိုက်လူနာ(၄)ဦးတို့ကိုအောင်ပန်းတိုက်နယ် ဆေးရုံမှတစ်ဆင့် တောင်ကြီးမြို စစ်စံထွန်းဆေးရုံကြီးသို့ လွဲပြောင်းဆေးကုသမှု ခံယူလျှက်ရှိကြောင်း သိရှိရသည်။

ဖြစ်စဉ်နှင့်စပ်လျဉ်း၍ ယာဉ်ကိုမဆင်မခြင်မောင်နှင်သူယာဉ်မောင်း ဦးမောင်မြင့်(သေဆုံး)အားအမှတ်(၁၁၃)ယာဉ်ထိန်းတပ်ဖွဲ့စု(ကလော)ဒုရဲအုပ်ကျော်မင်းထွေးမှ တိုင်တန်း၍အောင်ပန်းနယ်မြေရဲစခန်းက အမှုဖွင့်ထားကြောင်း သိရှိရသည်။

မြို့ နယ်ပြန်/ဆက်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ကလောမြို့နယ်မှာ ယာဉ်တိုက်မှုဖြစ်ပွား ၊ (၂) ဦး သေဆုံး ကလောမြို့နယ်မှာ ယာဉ်တိုက်မှုဖြစ်ပွား ၊ (၂) ဦး သေဆုံး Reviewed by THITHTOOLWIN on 21:03 Rating: 5
Powered by Blogger.