![]() |
Photo: HOANG DINH NAM / AFP |
ဆေးစွဲသူတချို့ကို ဥပဒေအရ ဆေးဖြတ်စခန်းတွေမှာ နှစ်နှစ်အထိ မဖြတ်မနေရထားရှိပါတယ်။ တချို့လည်း မိဘ ဆွေမျိုးတွေကပို့လို့ ရောက်ရှိလာသူတွေဖြစ်ပါတယ်။ ဗီယက်နမ်ဆေးဖြတ်စခန်းတွေမှာ လူနဲ့နေရာ မမျှအောင် ပြည့်သိပ်နေတယ်လို့ AFP သတင်းကဖေါ်ပြပါတယ်။
အခုလတ်တလောနှစ်တွေအတွင်း ဆေးဖြတ်စခန်းတွေထဲကနေ ထွက်ပြေးကြတဲ့အမှုတွေ မကြာခဏ ပေါ်ပေါက်နေပါတယ်။ ထွက်ပြေးသူတွေထဲက တဝက်လောက်သာ ပြန်လည်ဖမ်းမိခဲ့တယ်လို့ စခန်းအရာရှိ တဦးကပြောပါတယ်။
ဗီယက်နမ်မှာ မူးယစ်ဆေးစွဲသူအဖြစ် မှတ်ပုံတင်ထားခံရသူပေါင်း နှစ်သိန်းနှစ်သောင်းကျော်ရှိတယ်လို့ သိရပါတယ်။
RFA Burmese
https://www.facebook.com/rfaburmese/
ဗီယက်နမ်မှာ မူးယစ်ဆေးဖြတ်စခန်းက လူနှစ်ရာနီးပါး ထွက်ပြေးသွားခဲ့
Reviewed by THITHTOOLWIN
on
10:45
Rating:
