![]() |
လျှာနဲ့ နှုတ်ခမ်းကို အပေါက်ဖောက်တာတွေဟာ ဆိုးဆိုးရွားရွားထိခိုက်စေနိုင် |
အိမ်မြောင်တို့ ပုတ်သင်ညိုတို့လို လျှာနှစ်ခွဖြစ်ဖို့ဆိုရင် လျှာရဲ့ အလယ်လောက်ကနေ ဖြတ်တောက်ရတဲ့ အဆင့်ပါပါတယ်။
ကျွမ်းကျင်သူတွေကတော့ အဲဒီလိုလုပ်တဲ့အခါ သိသာထင်ရှားတဲ့ ဆိုးကျိုးအနေနဲ့ သွေးထွက်တာ၊ ရောဂါပိုး ဝင်တာနဲ့ အာရုံကြောတွေထိခိုက်တာ အပြင် အသက်ရှုတာနဲ့ တစုံတခုကိုမျိုချတဲ့အခါတွေမှာ ပြဿနာ ရှိလာနိုင်တယ်လို့ဆိုပါတယ်။
အလားတူ လျှာနဲ့ နှုတ်ခမ်းကိုအပေါက်ဖောက်တာတွေဟာ သွားကျိုးတာ၊ သွားဖုံးထိခိုက်တာ စတဲ့ အန္တရာယ်တွေဖြစ်စေနိုင်မယ်လို့ဆိုပါတယ်။
![]() |
ဖွတ်၊ပုတတ် ၊ အိမ်မြောင်လို လျှာ နှစ်ခွဖြစ်စေဖို့ ခွဲစိတ်အလှဆင် |
ဒီပြဋ္ဌာန်းချက်ဟာ အင်္ဂလန်နဲ့ ဝေလနယ်မှာတော့ အသက်ဝင်ပါတယ်။
ဆရာဝန်တွေကတော့ ပါးစပ်မှာ အပေါက်ဖောက်တာ အလှဆင်တာတွေကို လျှာနဲ့ နှုတ်ခမ်းနည်းတူ ကျန်းမာရေးကို ဆိုးရွားစေနိုင်မယ်လို့ သတိပေးထားပါတယ်။
လျှာကိုဖောက်ပြီး အလှဆင်တဲ့တွေရဲ့ ထက်ဝက်ကျော်နဲ့ နှုတ်ခမ်းမှာ အပေါက်ဖောက်တဲ့သူ ၅ဦးမှာ ၁ဦးဟာ အသက် ၁၆နှစ်ကနေ ၂၄ နှစ်အတွင်းရှိတဲ့သူတွေက လုပ်တာဖြစ်တယ်လို့ ဗြိတိန် တော်ဝင်ကောလိပ်က ခွဲစိတ်အထူးကုတွေကပြောပါတယ်။
မစ္စ မက်စတာကတော့ သူတို့ကအနေနဲ့ ပါးစပ်မှာ အပေါက်ဖောက်တာနဲ့ လျှာကို နှစ်ခွဖြစ်အောင်ခွဲစိတ်တာ တွေကို မလုပ်ဖို့ သေသေချာချာအကြံပေးထားပါတယ်။
BBC Burmese
https://www.bbc.com
လျှာခွဲပြီး အလှဆင်တာ ကျန်းမာရေးဆိုးရွားစွာထိခိုက်နိုင်လို့ ခွဲစိတ်ဆရာဝန်တွေသတိပေး
Reviewed by THITHTOOLWIN
on
22:31
Rating:
