မဟာမုနိဘုရားကြီးရှိ ဘုရားဘဏ္ဍာပစ္စည်းများ သိမ်းဆည်းသည့်အခန်း ဖောက်ထွင်းမှုမှ တရားခံ ဖမ်းဆီးရမိ

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မဟာမုနိဘုရားကြီးရှိ ဂေါပကရုံးခန်းနှင့်တွဲလျက်ရှိသည့် ဘုရားဘဏ္ဍာပစ္စည်းများ သိမ်းဆည်းသည့်အခန်းအား သြဂုတ်လ ၁၈ ရက် ညပိုင်းက ဖောက်ထွင်းခံရမှု ဖြစ်ပွားခဲ့ပြီး အဆိုပါဖောက်ထွင်းမှုမှ တရားခံအား ဖမ်းဆီးရမိပြီဖြစ်ကြောင်း ကနေဦးသတင်းရရှိသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များမှ ဖောက်ထွင်းမှုဖြစ်စဉ်အား အသေးစိတ်စုံစမ်းဖော်ထုတ်ချက်အရ တရားခံ ​ကျော်​​ဇေယျ (မဟာမုနိဘုရားကြီးဝန်ထမ်း) ၅၉လမ်း၊ နှင်းဆီလမ်းနှင့်​ မ​နော်​ဟရီလမ်းကြား၊ ကံသာယာမြို့သစ်​​နေသူအား ​ငွေကျပ် ၃၆၉၀၀၀၀ ​ကျော်​၊ နိုင်​ငံခြား​ငွေများ ၊ ​ရွှေဆိုင်း ၂၅ ဆိုင်းနှင့် ၉ ကုတ် စသည့်သက်​​သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ချမ်းမြသာစည်​မြို့နယ်​၊ မြို့မရဲစခန်းတွင် အမှုဖွင့်အ​ရေးယူ​​ဆောင်​ရွက်လျှက်​ရှိကြောင်း သိရသည်။

The Mandalay News Journal
https://www.facebook.com/TheMandalayNewsJournal/
မဟာမုနိဘုရားကြီးရှိ ဘုရားဘဏ္ဍာပစ္စည်းများ သိမ်းဆည်းသည့်အခန်း ဖောက်ထွင်းမှုမှ တရားခံ ဖမ်းဆီးရမိ မဟာမုနိဘုရားကြီးရှိ ဘုရားဘဏ္ဍာပစ္စည်းများ သိမ်းဆည်းသည့်အခန်း ဖောက်ထွင်းမှုမှ တရားခံ ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 20:51 Rating: 5
Powered by Blogger.