![]() |
ဒေါ်လာနှင့် ကျပ်ငွေတို့အားတွေ့ရစဉ် (ဆင်ဟွာ) |
သြဂုတ်လ ၁၆ရက်တွင် ဒေါ်လာဈေး အတက်ကြမ်းခဲ့ပြီး ဈေးနှုန်းမတည်ငြိမ်မှုဖြစ်ခဲ့သော်လည်း ယနေ့ သြဂုတ်လ ၁၇ ရက်နေ့တွင် ဒေါ်လာဈေး သည် တစ်ဒေါ်လာကို ၁၅၁၀ ကျပ် နှင့် ၁၅၁၈ ကျပ်ကြားတွင် သာ ဈေးနှုန်းအတက်အကျဖြစ်ခဲ့ပြီး ဗဟိုဘဏ်အနေဖြင့် ငွေလဲလှယ်နှုန်းတည်ငြိမ်အောင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာကို ပြောသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တာဝန်ရှိသူတစ်ဦးက “ဗဟိုဘဏ်အနေနဲ့ တစ်နေ့ ကိုဒေါ်လာ ၁သိန်းရောင်းရာကနေပြီးတော့ ၁၅ ရက်နေ့ မှာ တိုးမြှင့်ပြီးတော့ ဒေါ်လာ၁.၇ သန်း ရောင်းချပေးခဲ့ပြီးတော့ ၁၆ ရက်နေ့မှာတော့ ဒေါ်လာ ၄ သန်းရောင်းချပေးခဲ့တယ်။ ဘဏ်တွေရဲ့ တင်ပြမှုပေါ်မူတည်ပြီး ဆက်ပြီးတော့ ဒေါ်လာရောင်းချပေးသွားဖို့ရှိ ပါတယ်။ ဗဟိုဘဏ်အနေနဲ့ကတော့ ဈေးကွက်ထဲမှာ ဈေးကစားမှုတွေ ပါလာရင် ဈေးကစားမှုတွေ မရှိအောင်လုပ်ပါတယ်။ ဒါကြောင့် ဒီနေ့တော့ ဈေးကွက် ပြန်ငြိမ်တယ်လို့ထင်ပါတယ်’’ ဟုဆင်ဟွာကိုပြောသည်။
![]() |
AGD ဘဏ်၏ ငွေဈေးနှုန်း ဇယားအားတွေ့ရစဉ် (ဓာတ်ပုံ--AGD) |
လက်ရှိ တွင် အစိုးရ အနေဖြင့် ပို့ကုန်ကဏ္ဍတိုးတက်လာအောင် နည်းမျိုးစုံနှင့် ကူညီပံ့ပိုးဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဝင်လာအောင်ကြိုးစား၍ လုပ်ဆောင်လျက်ရှိကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တာဝန်ရှိသူကဆိုသည်။
သြဂုတ်လ ၁၇ ရက် တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တစ်ဒေါ်လာကို ၁၄၉၈ ကျပ်ဖြင့် ဈေးဖွင့်ခဲ့သည်။ပြင်ပ ဒေါ်လာဈေးကွက် နှင့် ဘဏ်တချို့ သြဂုတ်လ ၁၇ ရက် ညနေဘက်တွင် တစ်ဒေါ်လာကို ၁၅၁၇ကျပ်ဖြင့် ဈေးပိတ်ခဲ့သည်။
(Xinhua)
http://www.xinhuamyanmar.com
ယနေ့ဒေါ်လာဈေးနှုန်း အတက်အကျငြိမ်လာ၊ ဗဟိုဘဏ်အနေဖြင့် ငွေလဲလှယ်နှုန်းတည်ငြိမ်အောင်ဆက်လက်ဆောင်ရွက်မည်
Reviewed by THITHTOOLWIN
on
22:03
Rating:
