စေ့စပ်တာကို အတည်ပြုလိုက်တဲ့ ပရီယန်ကာ နဲ့ နစ်ခ်

အသက်အရွယ်ကွာခြားမှုနဲ့ နာမည်ကြီးနေတဲ့ ပရီယမ်ကာနဲ့ ဂျိုနာ
ဘောလီးဝုဒ် စူပါစတား ပရီယန်ကာ နဲ့ အမေရိကန် အဆိုတော် နစ်ခ်တို့ဟာ ဟိန္ဒူရိုးရာ အစဉ်အလာအတိုင်း စေ့စပ်ပွဲကို စနေနေ့က အိန္ဒိယနိုင်ငံ မွန်ဘိုင်းမှာ လုပ်ခဲ့ပါတယ်။

သူတို့နှစ်ယောက်စလုံး အိန္ဒိယရိုးရာဝတ်စုံတွေ ဝတ်ဆင်ထားပါတယ်။ စေ့စပ်တယ်ဆိုတဲ့ ကောလဟလတွေ ရက်သတ္တပတ် သုံးပတ်ကြာ ထွက်အပြီးမှာတော့ သူတို့က အတည်ပြုလိုက်တာပါ။

လက်ထပ်ပွဲကိုတော့ သူတို့ဘက် အတည်မပြုသေးပါဘူး။

ဂျိုနာကတော့ ချိုပရာကို အနာဂတ်ရဲ့ မစ္စဂျိုနာလို့ ခေါ်
အသက် ၃၆ နှစ်အရွယ် ဘောလီးဝုဒ် မင်းသမီး ပရီယန်ကာချိုပရာနဲ့ အမေရိကန် အဆိုတော် နစ်ခ်ဂျိုးနာတို့ဟာ အသက်အရွယ်ကွာပြီး ဟောလီးဝုဒ်မှာ လူပြောအများဆုံး စုံတွဲဖြစ်ပါတယ်။

သူတို့စုံတွဲရဲ့ စေ့စပ်ပွဲပုံရိပ်တွေကို အင်စတာဂရမ်မှာ တင်ခဲ့ပြီးတော့ ဂျိုနာကတော့ ချိုပရာကို အနာဂတ်ရဲ့ မစ္စဂျိုနာလို့ ခေါ်ခဲ့ပါတယ်။

ဒီလိုစေ့စပ်တာကို ရိုကာလို့ ခေါ်ပြီး သူတို့နှစ်ယောက်ရဲ့ မိသားစုတွေ အချင်းချင်းကို တွေ့ဆုံပေးရင်း လက်ဆောင်တွေဖလှယ်ဖို့ အခွင့်အလမ်း တခုပါ။

သူတို့ရဲ့ စေ့စပ်ပွဲက နာမည်ကြီးသူတွေရဲ့ မြန်ဆန်တဲ့ စေ့စပ်ပွဲတွေထဲ တခုအပါအဝင်ပါ။ သတင်းထွက်ပြီး မကြာခင် စေ့စပ်လိုက်တာကြောင့်ဖြစ်ပါတယ်။

ဒီနှစ်အစောပိုင်းကလည်း အဆိုတော် အာရီယာနာ ဂရမ်ဒီနဲ့ လူရွှင်တော် ပိထ်ဒေးဗစ်ဆင် တို့လည်း တွေ့ဆုံပြီး မကြာခင်မှာ လက်ထပ်သွားခဲ့သလို နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ အဆိုတော် ဂျက်စတင်ဘီဘာလည်း သူ့ချစ်သူ မော်ဒယ်မလေးနဲ့ စေ့စပ်ခဲ့ပါတယ်။

BBC Burmese
https://www.bbc.com
စေ့စပ်တာကို အတည်ပြုလိုက်တဲ့ ပရီယန်ကာ နဲ့ နစ်ခ် စေ့စပ်တာကို အတည်ပြုလိုက်တဲ့ ပရီယန်ကာ နဲ့ နစ်ခ် Reviewed by THITHTOOLWIN on 10:43 Rating: 5
Powered by Blogger.