ပြည်ပ အကူအညီ အိန္ဒိယ လက်မခံ

(အိန္ဒိယနိုင်ငံ Kerala ပြည်နယ်မှာ ရေကြီးနေတာကို ၂ဝ၁၈ ခုနှစ် သြဂုတ်လ ၂၁ ရက်နေ့က တွေ့ရစဉ်)
လူ ၄ဝဝ ကျော်သေဆုံးရတဲ့ အိန္ဒိယနိုင်ငံ Kerala ပြည်နယ်ရေဘေးအတွက် UAE- အာရပ် စော်ဘွားများနိုင်ငံအစိုးရက အထူးရန်ပုံငွေအဖြစ် အမေရိကန်ဒေါ်လာ သန်း ၁ဝဝ ပေးဖို့ ကမ်းလှမ်းပေမယ့် ဗဟိုအစိုးရက လက်မခံဘဲ မနေ့က ငြင်းပယ်လိုက်ပါတယ်။

တောင်းခံထားတဲ့အတိုင်း ဗဟိုအစိုးရက ပေးမယ်လို့ အာမခံထားတဲ့ ပမာဏထက်ပိုများတဲ့အတွက် လက်သင့်ခံပါလို့ ပြည်နယ်အစိုးရက တိုက်တွန်းပေမယ့် ငြင်းပယ်တာပါ။

လက်ရှိမူဝါဒအရ ပြည်တွင်အားနဲ့ ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးအတွက် လိုအပ်တာတွေကို အစိုးရက အမီဖြည့်ဆည်းပေးဖို့ တာဝန်ခံထားပါတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်ပြီး ငြင်းပယ်ရတဲ့အကြောင်း ရှင်းပြပါတယ်။

ပြည်ပငွေနဲ့ဆိုရင် အိန္ဒိယလူမျိုးတစ်ဦးချင်း ဒါမှမဟုတ် ဖောင်ဒေးရှင်းတွေကတဆင့်ပဲ လှူဒါန်းနိုင်ပါတယ်လို့လည်း ဖော်ပြပါတယ်။

အိန္ဒိယနိုင်ငံဟာ သဘာဝဘေးအန္တရာယ်တွေ ကြုံရပြီးတဲ့နောက် ပြည်ပအကူအညီ ငြင်းပယ်တတ်တဲ့ မှတ်တမ်းရှိပါတယ်။ ၂ဝဝ၄ ဆူနာမီ ပင်လယ်ရေငလျင် လှိုင်းဒဏ်သင့်ပြီးတဲ့နောက် ပြည်ပအကူအညီကို ငြင်းပယ်ခဲ့ဖူးပါတယ်။

ဒါဟာ ဘယ်အရေးပေါ် အခြေအနေကိုမဆို သူ့နည်းသူ့ဟန်နဲ့ ကိုင်တွယ်နိုင်တာကို အိန္ဒိယအစိုးရတွေက သက်သေပြလိုကြတယ်လို့ ပညာရှင်တွေက သုံးသပ်ပါတယ်။

RFA Burmese
https://www.facebook.com/pg/rfaburmese
ပြည်ပ အကူအညီ အိန္ဒိယ လက်မခံ ပြည်ပ အကူအညီ အိန္ဒိယ လက်မခံ Reviewed by THITHTOOLWIN on 10:32 Rating: 5
Powered by Blogger.