ရန်ကုန်-မန္တလေးကားလမ်းဟောင်းတွင် ၁၈ ဘီးယာဉ်တိမ်းမှောက်


ဝမ်းတွင်း သြဂုတ် ၃
=============
မန္တလေးတိုင်းဒေသကြီး ဝမ်း တွင်းမြို့နယ် ရွှေတောင်ရဲစခန်း အပိုင် ရန်ကုန်-မန္တလေးကားလမ်း (လမ်းဟောင်း)၌ ယမန်နေ့ နံနက် ၆နာရီခွဲခန့်တွင် ၁၈ ဘီးယာဉ်တိမ်း မှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရ သည်။

ဖြစ်စဉ်မှာဒုရဲအုပ်ခင်မောင်တင့် ရွှေတောင်နယ်မြေရဲစခန်း၌တာဝန်မှူး အဖြစ်ထမ်းဆောင်နေစဉ် ယာဉ်တိမ်း မှောက်မှုဖြစ်ပွားကြောင်း သတင်း အရ ရဲတပ်ဖွဲ့ဝင်များ၊ သက်သေ များနှင့်အတူ သွားရောက်စစ်ဆေး ရာ ရန်ကုန်-မန္တလေးကားလမ်း တစ်လမ်းသွား(လမ်းဟောင်း) မိုင် တိုင်အမှတ် ၃၆၄/၄ နှင့် ၃၆၄/၅ အကြား ဒိုင်ကောင်းကုန်းကျေးရွာ အနီးတွင် ရန်ကုန်ဘက်မှမန္တလေး ဘက်သို့ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ရွှေလင်ပန်း ရပ်ကွက်နေ ယာဉ်မောင်းစိုးရန်ပိုင် (၃၃နှစ်)မောင်းနှင်လာသော ယာဉ် အမှတ် 5L-------- MISUBISHI FUSO အမျိုးအစား ၁၈ ဘီး အဖြူရောင်ကားမှာ အရှိန်လွန်ပြီး ကားလမ်း၏ဝဲဘက်ခြမ်းသို့ ထိုးကျ တိမ်းမှောက်ရာ ယာဉ်မောင်းတွင် ဒဏ်ရာရရှိခြင်း မရှိသော်လည်း ယာဉ်မှာ လေကာမှန်ကွဲရှေ့ယာ တံခါးပေါက်မှန်ကွဲ၊ ကားဘော်ဒီ ယာဘက်ခြမ်းပျက်စီး၊ ရှေ့ခေါင်း ရုပ်ပျက်စီးခဲ့ပြီး ခန့်မှန်းကာလ တန်ဖိုးငွေ ကျပ်သိန်း၂ဝခန့်ဆုံးရှုံးမှု ဖြစ်ပွားခဲ့ကြောင်း မှုခင်းမှတ်တမ်း အရ သိရသည်။

ယာဉ်အားမဆင်မခြင်မောင်း နှင်သူ ယာဉ်မောင်းစိုးရန်ပိုင်အား ရွှေတောင်နယ်မြေရဲစခန်းမှ ယာဉ် (ပ)၃၁/၂ဝ၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၂၇၉ဖြင့်အမှုဖွင့် ဆောင်ရွက် ထားကြောင်းစုံစမ်း သိရသည်။

ဘိုဘို(မလှိုင်)
The Union Daily
https://www.facebook.com/uniondaily.net/
ရန်ကုန်-မန္တလေးကားလမ်းဟောင်းတွင် ၁၈ ဘီးယာဉ်တိမ်းမှောက် ရန်ကုန်-မန္တလေးကားလမ်းဟောင်းတွင် ၁၈ ဘီးယာဉ်တိမ်းမှောက် Reviewed by THITHTOOLWIN on 00:51 Rating: 5
Powered by Blogger.