မူးယစ်ဆေးဝါး သတင်းအရ သွားရောက်ရှာဖွေဖမ်းဆီးစဉ် တရားမဝင်လက်နက် ကိုင်ဆောင်သူ ၂ ဦးအား ဖမ်းဆီးရမိ


ပင်လည်ဘူး ၁၃ သြဂုတ်

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ပင်လည်ဘူးမြို့တွင် မူးယစ်ဆေးဝါးသတင်းအရ သွားရောက် ရှာဖွေ ဖမ်းဆီးစဉ် တရားမဝင် လက်နက်ကိုင်ဆောင်သူ ၂ ဦးအား တွေ့ရှိ ဖမ်းဆီးရမိကြောင်း ပင်လည်ဘူးမြို့မ ရဲစခန်းမှ သိရသည်။

ကင်းပန်းကျေးရွာ အုပ်ချုပ်ရေးမှူးဦးခင်ဇော်ဝင်း ဦးဆောင်သော မိုးသောက်ကြယ် မူးယစ်ဆေးဝါးတားဆီး ကာကွယ်ရေးလူငယ်အဖွဲ့နှင့်ပင်လည်ဘူးမြို့ မြို့မ -၂ ရပ်ကွက် အုပ်ချုပ်ရေးမှူးဦးတိုး ပူးပေါင်းအဖွဲ့တို့သည် သြဂုတ် ၁၃ ရက် နံနက် ၁ နာရီ အချိန်ခန့်တွင် မူးယစ် ဆေးဝါး သတင်း ရရှိသည့်နေရာများကို သွားရောက် ရှာဖွေ ရာ ချင်းကုန်းကျေးရွာအနောက်ဘက် သစ်ဖြူကျင်း ကျေးရွာ - ညောင်ကုန်းကျေးရွာသွားလမ်းမပေါ်၌ ဆိုင်ကယ်ကိုယ်စီဖြင့် စီးနင်းလာသော လူ ၂ ဦးကို တားဆီးခဲ့သည်။


၎င်းတို့အနက် ၁ ဦးမှာ လေသေနတ် ၁ လက် လွယ်ထားသည်ကို တွေ့ရှိပြီး ထိန်းသိမ်းထားကြောင်း ပင်လည်ဘူး မြို့မ ရဲတပ်ဖွဲ့စခန်းမှ သိရှိရ၍ မြို့နယ်ရဲမှူး ရဲမှူးအောင်မင်းစိန် ဦးစီးသော တပ်ဖွဲ့ဝင်တို့မှ သွားရောက် စစ်ဆေးရာ ဝါးယူသာ ကျေးရွာနေ သိန်းစိုး၊ မြေသာ ကျေးရွာနေ မျိုးမင်းကျော် တို့ ဖြစ်ပြီး ၄င်းတို့ ၂ ဦးအား သက်သေများရှေ့ ရှာဖွေရာ မျိုးမင်းကျော်ထံမှ နံပါတ်(၂) လေသေနတ် ၁ လက်နှင့် လေသေနတ် ပစ်ခဲကျည် ၁၂၀ ပါ ၁ ဗူး၊ စိုးသိန်းလွယ်ထား သည့် LADIZULO အနက်ရောင် ဘေးလွယ်အိတ် အတွင်းမှ MADE IN NAGA တံဆိပ်ပါ လုပ်သေနတ်အတို ၁ လက် KF တံဆိပ်ပါကျည်(၄)တောင့်၊ ဆိုင်ကယ် ၂ စီး၊ VIVO တံဆိပ်ပါဖုန်း ၁ လုံးနှင့် ဆက်စပ်ပစ္စည်းတို့နှင့် အတူ ရှာဖွေသိမ်းဆည်းရမိပြီး သိန်းစိုးနှင့် မျိုးမင်းကျော်တို့ ၂ ဦးအား ပင်လည်ဘူးမြို့မ ရဲစခန်းမှ စစ်ဆေး အရေးယူဆောင်ရွက် ထားကြောင်း သိရသည်။

မျိုးလွင်(ပင်လည်ဘူး)
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews
မူးယစ်ဆေးဝါး သတင်းအရ သွားရောက်ရှာဖွေဖမ်းဆီးစဉ် တရားမဝင်လက်နက် ကိုင်ဆောင်သူ ၂ ဦးအား ဖမ်းဆီးရမိ မူးယစ်ဆေးဝါး သတင်းအရ သွားရောက်ရှာဖွေဖမ်းဆီးစဉ် တရားမဝင်လက်နက် ကိုင်ဆောင်သူ ၂ ဦးအား ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 19:36 Rating: 5
Powered by Blogger.