မုံရွာ ညောင်ကိုင်းအင်းအတွင်း ရေဆင်းချိုးသည့် လူငယ်တစ်ဦး ရေနစ်သေဆုံး


မုံရွာ၊ သြဂုတ် ၂

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ထန်းတောရပ်ကွက် ညောင်ကိုင်းအတွင်း ရေဆင်းချိုးသည့် လူငယ်တစ်ဦး ရေနစ်သေဆုံးတစ်ရပ် ယခုလ ၂ ရက်နေ့ ညနေ ၆ နာရီခွဲအချိန်က ဖြစ်ပွားခဲ့ကြောင်း မုံရွာခရိုင်ရဲတပ်ဖွဲ့မှူး ရုံးမှ သိရသည်။


ထန်းတောရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးညိုဝင်းမှ မုံရွာနယ်မြေ ရဲစခန်းသို့ ဖုန်းဆက်အကြောင်းကြားခဲ့ရာ ရဲစခန်းမှူး ရဲအုပ် ဆန်းလင်းနှင့်အဖွဲ့က ညောင်ကိုင်းအင်းသို့သွားရောက်ခဲ့ပြီး မုံရွာခရိုင် မီးသတ်ဦးစီးမှူး ဦးညီညီဇော် ဦးဆောင်သော ကယ်ဆယ်ရေးအဖွဲ့နှင့် ပူးပေါင်းကာ ရေနစ်သူအား ရှာဖွေကယ်ဆယ်ခဲ့ရာ ည ၇ နာရီ ၁၀ မိနစ်အချိန်တွင် ရုပ်အလောင်းအား ပြန်လည်တွေ့ရှိခဲ့သည်။

ထို့ကြောင့် အမည်မသိ ရေနစ်သေဆုံးသူအား မုံရွာနယ်မြေရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၂၃ / ၂၀၁၈ အရ အမှုရေးဖွင့်၍ မှုခင်းဆေးပညာအရ စစ်ဆေးဆောင်ရွက်နိုင်ရန် မုံရွာပြည်သူ့ဆေးရုံးကြီး ရင်ခွဲဆောင်သို့ ပို့ဆောင်ထားကြောင်း သိရသည်။

ကိုတိုးကြီး( မုံရွာ)
သတင်း + ဓာတ်ပုံ ကိုတိုးကြီး
မုံရွာ ညောင်ကိုင်းအင်းအတွင်း ရေဆင်းချိုးသည့် လူငယ်တစ်ဦး ရေနစ်သေဆုံး မုံရွာ ညောင်ကိုင်းအင်းအတွင်း ရေဆင်းချိုးသည့် လူငယ်တစ်ဦး ရေနစ်သေဆုံး Reviewed by THITHTOOLWIN on 21:56 Rating: 5
Powered by Blogger.