မောင်တောတွင် စိတ်ကြွဆေးပြား ၂ သိန်းကျော်ဖမ်းမိ


နိရဉ္စရာ၊ သြဂုတ် ၁၈

ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ် မောင်တောတွင် ယမန်နေ့ ညနေက ယာဘား စိတ်ကြွဆေးပြား ၂ သိန်းကျော်ကို ပိုင်ရှင်မဲ့ ဖမ်းမိခဲ့သည်ဟု သတင်းရရှိသည်။

စုစုပေါင်း ဖမ်းမိသည့် ဆေးပြား အရေအတွက်မှာ ၂၇၆၆၀၀၀ ရှိပြီး တန်းဖိုးမှာ ကျပ် ၈၂၉၈၀၀၀၀၀၀ ဖိုးရှိကြောင်း သိရသည်။

၎င်းဆေးပြားများကို သြဂုတ်လ ၁၇ ရက်နေ့ ညဥ့် ၉ နာရီကျော်ခန့်တွင် မောင်တောမြို့ရွှေစား ဘင်္ဂလီကျေးရွာသို့ ဂျင်းစိမ်းများတင်ဆောင် ပို့နေသည့် တေဘာ ကားတစ်စီးပေါ်မှ ပိုင်ရှင်မဲ့ဖမ်းမိခြင်း ဖြစ်ကြောင်း သိရှိရသည်။

(ဓာတ်ပုံ- Myat Thu Tun)
Narinjara
https://www.facebook.com
မောင်တောတွင် စိတ်ကြွဆေးပြား ၂ သိန်းကျော်ဖမ်းမိ မောင်တောတွင် စိတ်ကြွဆေးပြား ၂ သိန်းကျော်ဖမ်းမိ Reviewed by THITHTOOLWIN on 15:07 Rating: 5
Powered by Blogger.