13.8.2018
မြိတ်မြို့နယ်၊ အင်္ဂမော်ကျေးရွာ အ.ထ.က ကျောင်း အနီးတွင် သြဂုတ်လ ၁၃ ရက်၊ နံနက် ၇ နာရီခွဲ ခန့်က ကုန်တင်မှန်လုံကား ၁ စီး တိမ်းမှောက်မှုဖြစ်ပွားကြောင်းသိရပါတယ်။
တနင်္သာရီမြို့နယ် တကူကျေးရွာဘက်မှ မြိတ်ဘက်သို့ မောင်းနှင်လာသည့် ယာဉ်အမှတ် TIN P/------၊ကုန်တင်မှန်လုံယာဉ်သည် အင်္ဂမော် အ.ထ.က ကျောင်းကုန်းဆင်းအနီး ထန်းပင်ကွေ့အရောက်တွင် လမ်းချော်၍ တိမ်းမှောက်ခဲ့ကြောင်းသိရပါတယ်။
ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်တွင်ပါလာသည့်ဆရာဆရာမ(၄)ဦး၊ အရပ်သား ၁ ဦး၊ ယာဉ်မောင်း ၁ ဦး နှင့် စပယ်ယာ ၁ ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိကြောင်း သိရပါတယ်။
မြတ်ထွဋ် (မြိတ်)
https://www.facebook.com/Myat-Htut-Myeik
ကျောင်းဆရာ/ဆရာမများ စီးနင်းလိုက်ပါလာသည့် မှန်လုံ ကုန်တင်ယာဉ်တိမ်းမှောက်
Reviewed by THITHTOOLWIN
on
10:45
Rating:
