နိရဉ္စရာ၊ သြဂုတ် ၁၄
ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့မှ မြန်ဘက်က ဘုတ်တစ်စီးအား လူ ၁၁ ဦးနှင့် အတူ ပြန်လည်၍ နယ်စပ်ရေပြင်တွင် မြန်မာဘက်သို့ ပြန်ပို့လိုက်သည်ဟု BDnews24 တွင် သတင်းဖော်ပြသည်။
လူ ၁၁ ဦးအားတင်ဆောင်လာသည့် အဆိုပါ ဘုတ်အား ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့်တပ်မှ နတ်မြစ်အတွင်းရှိ Shah Parir Dwip အရောက်တွင် ရပ်တန့်ပြီး မြန်မာဘက် ပြန်ထွက် သွားစေခဲ့သည်ဟု သတင်းတွင် ဖော်ပြသည်။
လူ ၁၁ ဦးထဲတွင် ကလေးငယ် ၅ ဦး၊ အမျိုးသမီး ၃ ဦးနှင့် အမျိုးသား သုံးဦးပါဝင်ပြီး ၎င်းတို့မှာ ဘင်္ဂလီလူမျိုးများ ဖြစ်ကြသည်ဟု ဆိုသည်။
ဘင်္ဂလာဒေ့ရှ်နယ်ခြားစောင့် ကင်းလှည့် တပ်ဖွဲ့တစ်ခုသည် ၎င်းဘုတ်အား တနင်္လာနေ့ ညဥ့် ၁၁ နာရီအချိန်တွင် နယ်စပ်အား ပိုင်းခြားထားသော နတ်မြစ် နယ်စပ်မျဉ်းတွင် တွေ့ရှိခဲ့သည်ဟု တက်ကနက်မြို့ အခြေစိုက် အမှတ် (၂) တပ်ရင်းမှ ဗိုလ်မှူး အမ်းဒီ ချာရီဖုလ် အစ္စလာမ် ဂျွာယ်ဒါက ပြောကြောင်း သတင်းတွင် ရေးသားထားသည်။
၎င်းစက်လှေအား အချက်ပြပြီး ရပ်တန့်အောင် ဆောင်ရွက်သော်လည်း မရပ်တန့်ကြောင်း၊ သို့အတွက် နောက်ပိုင်းတွင် မြန်မာဘက်သို့ ပြန်လှည့်ခိုင်းခဲ့ကြောင်း သူက ပြောဆိုသည်။
Narinjara
https://www.facebook.com/Narinjara
ဘုတ်တစ်စီးနှင့် လူ ၁၁ ယောက်ကို ဘင်္ဂလာဒေ့ရှ်နယ်ခြားစောင့်တပ်မှ မြန်မာဘက်သို့ လှည့်ပြန်ခိုင်းခဲ့
Reviewed by THITHTOOLWIN
on
22:24
Rating:
