![]() |
ကုသမှုခံယူနေရဆဲဖြစ်တဲ့ သံဃာတော်တွေ |
သြဂုတ် ၉ ရက်နေ့ညကစဖြစ်ပြီး သြဂုတ် ၁၀ ရက်နေ့ မနက်ပိုင်းမှာတော့ စာသင်တိုက် မှာရှိတဲ့ သံဃာ ၅ပါးနဲ့ စာသင်သားကိုရင် ၃၅ပါးအပြင် ဘုန်းကြီး ကျောင်းသား တဦးပါ အစုလိုက် ဖြစ်လာတဲ့အတွက် မင်းလှမြို့နယ်ဆေးရုံကို ပို့ဆောင်ပြီးကုသခဲ့ရတာ ဖြစ်တယ် လို့ သိရပါတယ်။
' ' မနေ့ညက ကျောင်းမှာရှိတဲ့ ဘုန်းကြီး တပါးက စပြီး ဝမ်းတွေသွားတယ်။အန်တယ်။ မသက်သာတော့ ဒီမနက် မှာ ၈နာရီကျော်လောက်မှာ ဆေးရုံပို့တာပေါ့။ ၉နာရီကျော်လောက်လည်းကျရော စာသင်သားကိုရင်လေး တွေပါ ထပ်ပြီး ဝမ်းတွေသွား၊ အန်တော့ အစုလိုက်ဖြစ်သွားတာပေါ့။ အခုတော့ ဆေးပုလင်းလည်းချိတ်ထားတော့ သက်သာလာကြပါတယ်။ တော်တော်များများကတော့ သက်သာလာပါပြီ။ မင်းလှမှာ အရင်ကတော့ ဒါမျိုး အစု လိုက်ဖြစ်တာတော့မတွေ့ဖူးဘူးပေါ့။'' လို့ ဆေးရုံမှာ သံဃာတွေရဲ့ ဝေယျာဝစ္စတွေလိုက်ပါဆောင်ရွက်ပေးနေတဲ့ မင်းလှမြို့ခံလည်းဖြစ် မင်းလှမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက ဦးစီးအရာရှိတဦးဖြစ်တဲ့ ကိုမြတ်မင်း ကြူက ဘီဘီစီကိုပြောပါတယ်။
ကုသမှုခံယူနေရတဲ့ သံဃာအများစုမှာ သက်သာလာပြီဖြစ်ပေမယ့် ကိုရင် ၃ ပါးကတော့ ကိုယ်အပူချိန်ကြီးနေဆဲဖြစ်တဲ့ အတွက်စောင့်ကြည့်နေရတယ်လို့လည်း ကိုမြတ်မင်းကြူကပြောပါတယ်။
' 'အစာအဆိပ်သင့်တဲ့ လက္ခဏာပါပဲ။ ဝမ်းသွားတယ်၊ အန်တယ်။ ကိုရင်လေး သုံးပါးလောက်ကတော့ ကိုယ်ပူကြီးနေသေးတော့ နည်းနည်းတော့စိုးရိမ်ရတာပေါ့။ စောင့်ကြည့်ကုသနေဆဲပါ။ တော်တော်များများက တော့သက်သာရင်ဒီနေ့ညနေလောက်ဆိုဆင်းလို့ရမှာပါ။ တယောက်ချင်းစီပေါ်တော့မူတည်ပါတယ်။ ဝမ်းပိုးနမူနာ ကိုတော့ပို့ထားပြီး မနက်ဖြန်စစ်မှာပါ။ စစ်ချက်အဖြေထွက်လာမှ ဘာပိုးကြောင့်ဖြစ်တယ်ဆိုတာသိရမှာပေါ့။ အခုက ဘာကြောင့်ဆိုတာ မသိသေးပေမယ့် ကုသမှုတွေပေးထားရတာပေါ့။ ဖြစ်နိုင်တာကတော့ ဘုန်းကြီး ကျောင်းဆိုတော့ လှူတဲ့ဆွမ်းဟင်းတွေကိုရောပေါင်းပြီး ဘုန်းပေးကြတာဆိုတော့ မသန့်တဲ့အစာပါသွား ပုံရပါတယ်'' လို့ မင်းလှမြို့ဆေးရုံအုပ်ကြီးဒေါက်တာလှဝင်းက ကုသမှုခံယူနေရတဲ့ သံဃာတွေရဲ့ အခြေအနေ ကိုပြောပြပါတယ်။
သံဃာတော်တွေ အစာအဆိပ်သင့်တာဖြစ်သွားခဲ့တဲ့ ဝေဠုဝန်ကျောင်းတိုက်ဟာ ကျောင်းနေ သံဃာ အနည်းငယ်သာရှိတဲ့ကျောင်းတိုက်တခုဖြစ်ပေမယ့် စာသင်တိုက်ဖြစ်တာကြောင့် ဝါတွင်းကာလရောက်တဲ့ အခါမှာတော့ အနီးဝန်းကျင်မြို့တွေက စာသင်သားကိုရင်ငယ်တွေအများစုရောက်လာလေ့ရှိတဲ့ စာသင်တိုက် တခုဖြစ်တယ်လို့ မင်းလှမြို့နယ် မြို့ခံတဦးဖြစ်တဲ့ မင်းလှမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်အောင်ကပြောပါတယ်။
BBC Burmese
https://www.bbc.com/burmese
အစာအဆိပ်သင့်လို့ သံဃာအပါး ၄၀ အရေးပေါ်ကုသမှုခံနေရ
Reviewed by THITHTOOLWIN
on
18:49
Rating:
