ယာဉ်မောင်းလာစဉ် သောက်ရေဘူးကောက်ရာမှ တစ်ဖက်ယာဉ်ကြောမှ ယာဉ်နှင့်တိုက်မိမှုဖြစ်


ပေါင် သြဂုတ် ၁၁

မွန်ပြည်နယ် ပေါင်မြို့နယ် ကျုံကကျေးရွာ ညိုညိုအောင်စက် သုံးဆီအရောင်းဆိုင်ရှေ့မိုင်တိုင် အမှတ် ၁၇၇/၅ နှင့် ၁၇၆အကြား တွင် ယမန်နေ့ ညနေ ၄ နာရီ ကျော်က ယာဉ်နှစ်စီးတိုက်မိရာမှ အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပြီး ၁၂ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ ကြောင်း သိရသည်။

ပေါင်မြို့နယ်ဘက်မှ မော်လမြိုင်မြို့ဘက်သို့ ယာဉ်မောင်းနောင် နောင် (၂၅နှစ်) အင်းတကော်ကျေးရွာ ပဲခူးတိုင်းဒေသကြီးနေထိုင်သူ မောင်းနှင်လာသောYGNxxxx နံပါတ်တပ်DONG FENG LIGHTအမျိုးအစား(လိုင်စင်ရှိ)အနီရောင်ယာဉ်သည် ယာဉ်မောင်း နေစဉ် သောက်ရေသန့်ဘူး ယာဉ်ကြမ်းပြင်ပေါ်သို့ကျသွား သော ကြောင့် ကောက်ယူရာမှ ၄င်း၏ယာဉ်မှာ တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိသွားပြီး တစ်ဖက်ယာဉ်ကြောမှာမော်လမြိုင်မြို့ဘက်မှ ပေါင်မြို့ဘက်သို့ ယာဉ်မောင်းနေမျိုးသူ (၃၄နှစ်) ခလောက် အင်း ရပ်ကွက် ဇင်းကျိုက်မြို့နေသူမောင်းနှင်လာသော BGO 1P/ xxxxDAIHATSU HIJETအမျိုးအစားအဖြူရောင်(လိုင်စင်ရှိ)ယာဉ်အား ဝင်ရောက်တိုက်မိခဲ့ ခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါယာဉ်တိုက်မှုကြောင့် ယာဉ်မောင်းနောင်နောင်မှာ ဝဲခြေ ညိုဖူးရောင်ဒဏ်ရာရရှိခဲ့ပြီး ယာဉ်မောင်းနေမျိုးသူမှာ ဦးခေါင်းဝဲချို စောင်းပေါက်ပြဲ၊ နဖူးပေါက်ပြဲဒဏ်ရာများရရှိကာ ၄င်းယာဉ်ပေါ်မှ လိုက်ပါစီးနင်းလာကြသော ခရီးသည်များမှာ ပေါင်မြို့နယ် ဇင်းကျိုက် မြို့ ခလောက်အင်းရပ်ကွက်တွင်နေထိုင်ကြသူများဖြစ်ပြီး ဒေါ်ခင်အေး (၄၃နှစ်)မှာ နဖူးပေါက်ပြဲ၊ ဦးခေါင်းယာဘက်ချို စောင်းပေါက်ပြဲ ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ပြီး အမျိုးသမီးနှစ်ဦး မစိုးရိမ်ရသော်လည်း အမျိုးသမီးခုနစ်ဦး၊ ကျား(ကလေး)တစ်ဦးတို့မှာ စိုးရိမ်ရသည်ဟု သိရသည်။ အတွင်းလူနာအဖြစ်စိုးရိမ်ရသော အခြေအနေများရှိသည့် အဆိုပါလူနာများအား မော်လမြိုင်ပြည်သူ့ဆေးရုံကြီးသို့ မှုခင်း ဆေးစာဖြင့် ပေးပို့ခဲ့ကြောင်း ရဲမှတ်တမ်းများမှ သိရသည်။

မော်တော်ယာဉ်ကို မဆင်မခြင်မောင်းနှင်ကာ တစ်ဖက်ယာဉ် ကြောအား ဝင်ရောက်တိုက်မိပြီး သေဆုံး/ဒဏ်ရာများရရှိအောင် ပြုလုပ်ခဲ့သူ ယာဉ်မောင်းနောင်နောင်အား နမစ(မုတ္တမ) ယာဉ်(ပ) ၂၃/၂ဝ၁၈၊ရာဇသတ်ကြီး ပုဒ်မ-၃ဝ၄-က/၃၃၈/၃၃၇ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း မုတ္တမနယ်မြေစခန်းမှသိရသည်။

ကိုဟိန်း(ပေါင်)
The Union Daily
https://www.facebook.com/uniondaily.net
ယာဉ်မောင်းလာစဉ် သောက်ရေဘူးကောက်ရာမှ တစ်ဖက်ယာဉ်ကြောမှ ယာဉ်နှင့်တိုက်မိမှုဖြစ် ယာဉ်မောင်းလာစဉ် သောက်ရေဘူးကောက်ရာမှ တစ်ဖက်ယာဉ်ကြောမှ ယာဉ်နှင့်တိုက်မိမှုဖြစ် Reviewed by THITHTOOLWIN on 20:37 Rating: 5
Powered by Blogger.