ချီကာဂိုမြို့ ရှိ တိုက်ခန်းတစ်ခုတွင် မီးလောင်မှုဖြစ်ပွားရာ ကလေးငယ် ၆ ဦး နှင့် လူကြီး ၂ ဦး သေဆုံး

အမေရိကန်နိုင်ငံ ချီကာဂိုမြို့ ၌ မီးလောင်မှုဖြစ်ပွားသည့် လူနေတိုက်ခန်းအား မြင်တွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)
ချီကာဂို ၊ သြဂုတ် ၂၇ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ ချီကာဂိုမြို့ အနောက်တောင်ပိုင်းရှိ လူနေတိုက်ခန်းတစ်ခုတွင် သြဂုတ် ၂၆ ရက် နံနက်ပိုင်းက မီးလောင်မှုဖြစ်ပွားရာ ကလေးငယ် ၆ ဦး နှင့် လူကြီး ၂ ဦး သေဆုံးသွားကြောင်း ၊ မီးညွန့် များမှာ မွန်းလွဲပိုင်းအထိ ကျန်နေကြောင်း သိရသည်။

ချီကာဂိုမြို့ မီးသတ်ကော်မရှင်နာမင်းကြီး Jose Santiago က သတင်းစာရှင်းလင်းပွဲ၌ ပြောကြားရာတွင် “ ဒီလိုမီးလောင်မှုမျိုး မဖြစ်တာ နှစ်တွေတော်တော်ကြာခဲ့ပါပြီ။ တစ်နေရာတည်းမှာ လူသေဆုံးမှု နဲ့ ဒဏ်ရာရမှု အများဆုံးအရေအတွက်ပါပဲ” ဟုဆိုသည်။အခြေအနေဆိုးဝါးသော ကလေးငယ်နှစ်ဦးထက်မနည်းကို ဒေသတွင်းဆေးရုံတစ်ခုသို့ ပို့ ဆောင်ပေးထားကြောင်း ချီကာဂိုရဲတပ်ဖွဲ့ က ဆင်ဟွာသတင်းဌာနသို့ ပြောကြားခဲ့သည်။အမျိုးသမီးတစ်ဦးက မီးလောင်မှုကို သတိပြုမိပြီး 911 သို့ ဖုန်းခေါ်ဆို အသိပေးခဲ့ကြောင်း နှင့် ယင်းနောက် အိမ်နီးချင်းများကို တံခါးခေါက်၍ လိုက်လံ နှိုးဆော်ပေးခဲ့ကြောင်း Santiago ကဆိုသည်။ ယင်းလုပ်ရပ်ကြောင့် အသက်ပေါင်းများစွာကို ကယ်တင်နိုင်ခဲ့ကြောင်းလည်း ၄င်းက ဆက်လက်ပြောကြားခဲ့သည်။မီးငြှိမ်းသတ်နေစဉ်အတွင်း မီးသတ်သမားတစ်ဦးထိခိုက်ဒဏ်ရာရခဲ့ပြီး ၄င်းအား နီးစပ်ရာဆေးရုံသို့ ပို့ ဆောင်ပေးခဲ့ရသည်။ ၄င်းမီးသတ်သမား၏ အခြေအနေမှာကောင်းမွန်ကြောင်း နှင့် မီးလောင်မှုဖြစ်ပွားရခြင်းအကြောင်းအရင်းကို မသိရှိရသေးကြောင်း Santiago ကပြောကြားခဲ့သည်။

(Xinhua)
http://www.xinhuamyanmar.com
ချီကာဂိုမြို့ ရှိ တိုက်ခန်းတစ်ခုတွင် မီးလောင်မှုဖြစ်ပွားရာ ကလေးငယ် ၆ ဦး နှင့် လူကြီး ၂ ဦး သေဆုံး ချီကာဂိုမြို့ ရှိ တိုက်ခန်းတစ်ခုတွင် မီးလောင်မှုဖြစ်ပွားရာ ကလေးငယ် ၆ ဦး နှင့် လူကြီး ၂ ဦး သေဆုံး Reviewed by THITHTOOLWIN on 12:23 Rating: 5
Powered by Blogger.