မန္တလေးမှာ ဖြစ်ပွားခဲ့သည့် ရဲတပ်သားအချင်းချင်း ပစ်ခတ်မှုတွင် ရဲစည်းကမ်းအရ အရေးယူဆောင်ရွက်မည်
၁၇ သြဂုတ်
မန္တလေးမြို့ သံလျက်မှော် အရှေ့ရပ်ကွက်ရှိ ရဲကင်းတွင် ဖြစ်ပွားခဲ့သည့် ရဲတပ်သားမှ ဒုတပ်ကြပ်အဆင့်ရှိ ရဲတပ်သားအားပစ်ခတ်မှုတွင်ရဲစည်းကမ်းအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း မန္တလေး ခရိုင်ရဲတပ်ဖွဲ့ ဒုတိယရဲမှူးကြီး မျိုးအောင်မှ ပြောသည်။
မန္တလေးမြို့  သံလျှက်မှော်အရှေ့ရပ်ကွက် လှုပ်ရှားရဲကင်းတွင် သြဂုတ် ၁၆ရက် ည(၉)နာရီခန့်က ရဲတပ်သား အချင်းချင်းလှည့်ကင်းထွက်ရန်အတွက် စကားများရန်ဖြစ်ရာမှ ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။ သေနတ်ပစ်ခတ်ခံရမှုကြောင့် ဒုတပ်ကြပ်အဆင့်ရှိရဲတပ်သားတစ်ဦး ဒဏ်ရာရရှိခဲ့ပြီး မန္တလေးအထွေထွေ ရောဂါကု ဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်း သိရသည်။
သံလျှ က်မှော်လှုပ်ရှားရေးရဲကင်းမှ ရဲတပ်သားနှစ်ဦးသည် လှည့်ကင်းထွက်ရန်အတွက်ပြင်စဉ်နေစဉ် စကားများရန်ဖြစ်ကြရာမှ ရဲတပ်သားရဲရင့်အောင်မှ 12 V ပြောင်ချောသေနတ်ဖြင့်ဒုတပ်ကြပ်စိုးလင်းအား၂ချက်အနီးကပ်ပစ်ခဲ့ရာ ဒုတပ်ကြပ်စိုးလင်းမှာ ညာပေါင်ရင်း၊ ဘယ်ဘက်နားနောက်ပေါက်ပြဲဒဏ်ရာ၊ နဖူးပေါက်ပြဲဒဏ်ရာများရရှိခဲ့သည်။ "ရဲတပ်သားကို ရဲစည်းကမ်းအရ အရေးယူ ဆောင်ရွက်သွားပါ"ဟု မန္တလေး ခရိုင်ရဲတပ်ဖွဲ့ ဒုတိယရဲမှူးကြီး မျိုးအောင်မှ ပြောသည်။
ဖြစ်စဉ်နှင့်ပတ်သက်ပြီး ရဲတပ်သားရဲရင့်အောင်ကို အမှတ် (၇)နယ်မြေရဲစခန်းတွင် ချပ်နှောင်ထားရှိပြီး ရဲစည်ကမ်းထိန်းသိမ်းရေးဥပဒေအရ အရေးယူုဆောင်ရွက်သွားမည်ဟုသိရသည်။
အိမို့မို့ခိုင်
Photo- Ni Moe Wai
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews
မန္တလေးမှာ ဖြစ်ပွားခဲ့သည့် ရဲတပ်သားအချင်းချင်း ပစ်ခတ်မှုတွင် ရဲစည်းကမ်းအရ အရေးယူဆောင်ရွက်မည်
Reviewed by THITHTOOLWIN
on
20:03
Rating:
