![]() |
ဒေါက်တာ မြတူနဲ့ ဇနီး ဒေါက်တာခင်သက်ထား |
အသက် ၉၁ နှစ်မှာ ကွယ်လွန်သွားတဲ့ ပါမောက္ခ ဒေါက်တာမြတူဟာ အီဒင်ဘာရာ တက္ကသိုလ်မှာ ပါရဂူဘွဲ့ ရရှိခဲ့ပြီး ဇီဝကမ္မ ဗေဒပညာ ပါမောက္ခ အဖြစ် ထမ်းဆောင်ခဲ့ဖူးပြီး နိုင်ငံတကာထုတ် သိပ္ပံ ဂျာနယ်တွေမှာ သုတေသန ဆောင်းပါးတွေ ရေးသားခဲ့သူ ဖြစ်ပါတယ်။
ဒီထဲက မြန်မာနိုင်ငံ မြောက်ဖျားက ထရုံ လူမျိုးတွေ အကြောင်း သုတေသန စာတမ်းတွေ က ထင်ရှားပါတယ်။
သူ့ရဲ့ ဒုတိယ ဇနီး ဖြစ်သူ စာကြည့်တိုက် ပညာရှင် ဒေါက်တာ ခင်သက်ထားနဲ့ အတူ မြန်မာနိုင်ငံ ဆေးပညာရှင်များ အတ္ထုပ္ပတ္တိကိုလည်း ပြုစုခဲ့ပါတယ်။
ဒေါက်တာ မြတူရဲ့ အစ်ကို ဒေါက်တာ စိန်တူကလည်း ထင်ရှားတဲ့ စိတ္တဗေဒ ပါမောက္ခ တယောက် ဖြစ်ပါတယ်။
ဗိုလ်ချုပ်ကြီး နေဝင်း အစိုးရ လက်ထက်မှာ ဆေးနဲ့ သိပ္ပံ သုတေသနတွေ ထွန်းကားရေးအတွက် မြန်မာနိုင်ငံ ဆေးသုတေသနအသင်းနဲ့ ဌာနတွေကို ၁၉၆၃ က တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။
BBC Burmese
https://www.bbc.com
ထရုံလူပုတွေအကြောင်း သုတေသနပြုခဲ့သူ ဒေါက်တာ မြတူ ကွယ်လွန်
Reviewed by THITHTOOLWIN
on
05:28
Rating:
