အမ်းမြို့နယ် တပ်တောင်တွင် အိမ်တစ်လုံးမီးလောင်

(ဓာတ်ပုံ- မူရင်းပိုင်ရှင်ပို့စ်)
နိရဉ္စရာ၊ သြဂုတ် ၂၂

သြဂုတ် ၂၁ ရက်နေ့ နံနက်က ရခိုင်ပြည်နယ် အမ်းမြို့နယ် တပ်တောင်တွင် အဆောင်တစ်ဆောင် မီးလောင်သွားခဲ့သည်ဟု သတင်းရရှိသည်။

“ မနေ့က နံနက် ၁၀ ခန့်မှာ အဆောင် တစ်ဆောင် မီးလောင်တာပါ။ ဦးထွန်းသာဦးတို့ရဲ့ မုန့်တီခြောက် မီးကင်တဲ့ရုံ လောင်တာပါ” ဟု ရွာသားတစ်ဦးက ပြောသည်။

၎င်းမီးကို ကျေးရွာသားများနှင့် တပ်တောင် မီးသတ်တပ်ဖွဲ့တို့မှ ၀ိုင်းဝန်းပြီး ငြိမ်းသတ်လိုက်ကြောင်း၊ ၎င်းအဆောင်တစ်ခုသာ လောင်ကျွမ်းသွားပြီး ထိခိုက်မှု တစ်စုံတစ်ရာမရှိကြောင်း သူက ပြောကြားသည်။

၎င်းမီးလောင်မှုနှင့် ပတ်သက်ပြီး ပိုမိုသိရှိနိုင်အောင် တပ်တောင်ရဲစခန်းသို့ ဆက်သွယ်ရာ အဆက်အသွယ်မရရှိခဲ့ပါ။

Narinjara
https://www.facebook.com/Narinjara
အမ်းမြို့နယ် တပ်တောင်တွင် အိမ်တစ်လုံးမီးလောင် အမ်းမြို့နယ် တပ်တောင်တွင် အိမ်တစ်လုံးမီးလောင် Reviewed by THITHTOOLWIN on 21:26 Rating: 5
Powered by Blogger.