တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံ၏ ၀န်ထမ်းလိုင်းခန်းမီးလောင်မှု ကျပ်သိန်းပေါင်း ၃၀ ခန့်ဆုံးရှုံးမှုရှိ


သြဂုတ်လ ၁၀ ရက် ၂၀၁၈

သျှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံအတွင်းရှိ ဝန်ထမ်းအိမ်ယာ လိုင်းခန်း ဂန္ဓမာဆောင်မီးလောင်မှုဖြစ်ပွါးရာတွင် ဆုံးရှုံးမှုတန်ဖိုးကျပ်သိန်းပေါင်း ၃၀ ကျော်ကြောင်းသိရသည်။

သြဂုတ်လ ၉ ရက် နေ့ခင်း ၁၂ နာရီ မိနစ် ၄၀ အချိန်တွင် လိုင်းခန်း ဂန္ဓမာဆောင် မီးခလုတ်အပူလွန်ကဲမှုဖြစ်ပွါးပြီး မီးလောင်မှုဖြစ်ပွားခဲ့ရာမွန်းလွဲ ၁ နာရီ ၄၅ မိနစ်ခန့်တွင်မီးညွန့်ကျိုး သွားကြောင်းသိရသည်။

အဆိုပါမီးလောင်မှုတွင်သေကြေ ဒဏ်ရာရသူမရှိကြောင်း ၊ ဆုံးရှုံးမှု ကျပ်သိန်းပေါင်း ၃၂ သိန်းခန့်ရှိကြောင်းသိရသည်။ ဒေသခံပြည်သူများ ၊မီးသတ်တပ်ဖွဲ့ ဝင်များ နှင့် စစ်သားများ တာဝန်ရှိသူများလာရောက်မီးငြိမ်းသတ်ခဲ့ပြီး မီးသတ်ကား ၉ စီး ရောက်ရှိမီးငြိမ်းသတ်ခဲ့ကြောင်းသိရသည်။

သျှမ်းသံတော်ဆင့်၊ နန်းမောက်မိုဟျိုးခမ်း
Panglong(Burmese)
https://www.facebook.com/Panglong.burmese/
တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံ၏ ၀န်ထမ်းလိုင်းခန်းမီးလောင်မှု ကျပ်သိန်းပေါင်း ၃၀ ခန့်ဆုံးရှုံးမှုရှိ တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံ၏ ၀န်ထမ်းလိုင်းခန်းမီးလောင်မှု ကျပ်သိန်းပေါင်း ၃၀ ခန့်ဆုံးရှုံးမှုရှိ Reviewed by THITHTOOLWIN on 20:56 Rating: 5
Powered by Blogger.