ရွှေကျင်​မြို့နယ်​တွင်​ ​​​လေတိုက်​မှု​ကြောင့် နေအိမ်​​ပေါ် သစ်​ပင်​ပိ၍ မိသားစုဝင် (၃)ဦး သေဆုံး

ရွှေကျင်​မြို့နယ်​တွင်​ ​​​လေတိုက်​မှု​ကြောင့် နေအိမ်​​ပေါ် သစ်​ပင်​ပိ၍ မိသားစု(၇)ဦး ​နေထိုင်​ရာမှ ၃ဦး ​သေဆုံး ၊ ၃ ဦးဒဏ်​ရာရ ၊ ဝက်​၂​ကောင်​​သေဆုံး
ရွှေကျင် သြဂုတ် ၂၆

ပဲခူးတိုင်း​ဒေသကြီး​ ၊ ရွှေကျင်​မြို့နယ်​​ ၊ ဘောကထာ​ကျေးရွာအုပ်​စု ​ဘောကထာ​ကျေးရွာတွင် သြဂုတ်လ (၂၆)ရက်နေ့ ယနေ့နံနက် ၄နာရီခွဲအချိန်​က ​လေတိုက်​မှု​ကြောင့်​​ နေအိမ်​​ပေါ်သို့ သစ်​ပင်​လဲကျကာ လူ ၃ ဦး ​သေဆုံး၊ ၃ ဦးဒဏ်​ရာရပြီး ဝက်​၂ ​ကောင်​ ​သေဆုံးသွား​ကြောင်း သတင်းရရှိသည်​။

အဆိုပါ ​လေတိုက်​မှု​ကြောင့်​ ​ဘောကထာ​ကျေးရွာရှိ အမြစ်​တခြမ်း​ဆွေး​နေသည့်​ လုံးပတ်​(၁၈)​ပေအမြင့်(၈၅​)ပေခန့်​ရှိ ​ညောင်​ပင်​လဲကျမှု​ကြောင့်​ ဦသန့့်​ဇင်​ အသက်​(၃၆)နှစ်​၏ ​နေအိမ်​ ၄ ပင်​ပတ်​လည်​ သက္ကယ်​မိုး ပျဉ်​ခင်း ထရံကာ ​နေအိမ်​မှာ သစ်​ပင်​ပိ၍ ပျက်​စီးခဲ့ပြီး​ နေအိမ်​အတွင်းရှိ မိသားစု(၇)ဦး ​နေထိုင်​လျက်​ရှိရာ ဖခင်​ဖြစ်​သူ ဦးသန့်​ဇင်​(၃၆)နှစ် ​မိခင်​ဖြစ်​သူ ဒေါ်လှ​ဌေး(၃၄)နှစ်​သမီးဖြစ်​သူ မမြတ်​သဇင်​(၁၀)နှစ်​ ၂တန်း​ကျောင်းသူနှင့်​ ဝက်​၂​ကောင်​မှာ သစ်​ပင်​ပိ​နေရာတွင် ​​သေဆုံး သွားသည်။

သား​မောင်​​ကောင်းမြတ်​စံ(၁နှစ်​ခွဲ)နှင့်​မောင်​ပိုင်​ဇင်​​အောင်​(၁၁)နှစ်၊ ​​မောင်​ပိုင်​ဇင်​စိုး(၄)နှစ်​တို့တွင်​ သစ်​ပင်​ပိ၍ ဒဏ်​ရာများ(စိုးရိမ်​ရ)ရရှိ​သော​ကြောင့်​ရွှေကျင်မြို့​ ကုတင်​၁၀၀​ဆေးရုံမှ ပဲခူးပြည်​သု့​ဆေးရုံကြီးသို့ ပို့​ဆောင်​ခဲ့​ကြောင်း မြို့နယ်​အုပ်​ချုပ်​​ရေးမှုးရုံးမှသိရသည်​။

 အဆိုပါ ​လေတိုက်​မှု​ကြောင့်​ သစ်​ပင်​လဲကျကာ သစ်​ပင်​ပိမှု​ကြောင့်​   ဦးသန့်​ဇင်​ဦး ​နေအိမ်​တွင်​မိသားစု ၇ဦး ​နေထိုင်​လျှက်​ရှိရာ ​မောင်​ပိုင်​ဇင်​ဦး အသက်​(၁၂)နှစ်​မှာ တစ်​စုံတစ်​ရာ ထိခိုက်​ဒဏ်​ရာရရှိမှု မရှိဘဲ သစ်​ပင်​လဲကျ၍ ​နေအိမ်​ပျက်​စီးမှု​ကြောင့်​ ပျက်​စီးမှုတန်​ဘိုး(၅၀၀၀၀၀)ကျပ်​ခန့်​ ဝက်​နှစ်​​ကောင်​တန်​ဘိုး(၁၂၀၀၀၀)ကျပ်​ခန့်​ စုစု​ပေါင်းပျက်​စီးမှု တန်​ဖိုး(၆၂၀၀၀၀)ကျပ်​ခန့်​ပျက်​စီးဆုံးရှုံးခဲ့ပြီး လူ၃ဦး​သေဆုံး၍ ၃ဦးဒဏ်​ရာရရှိမှုများ ဖြစ်​ပွားခဲ့​ကြောင်း သတင်းရရှိသည်​။

ဇော်​မျိုး(​ရွှေကျင်​)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ရွှေကျင်​မြို့နယ်​တွင်​ ​​​လေတိုက်​မှု​ကြောင့် နေအိမ်​​ပေါ် သစ်​ပင်​ပိ၍ မိသားစုဝင် (၃)ဦး သေဆုံး ​ရွှေကျင်​မြို့နယ်​တွင်​ ​​​လေတိုက်​မှု​ကြောင့် နေအိမ်​​ပေါ် သစ်​ပင်​ပိ၍ မိသားစုဝင် (၃)ဦး သေဆုံး Reviewed by THITHTOOLWIN on 15:53 Rating: 5
Powered by Blogger.