မှောင်ခိုသစ်စက်အား ဓာတ်ပုံရိုက်သူတစ်ဦး ခေါင်းဖြတ်သတ်ခံရ


မုံရွာ၊ သြဂုတ် ၂၃၊ ၂၀၁၈။

စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ သောင်ကြီးရွာမြောက်ဘက် ၂ မိုင်အကွာ တောအတွင်း မှောင်ခိုသစ်ခွဲစက်အား ဓာတ်ပုံရိုတ်သူတစ်ဦး အပြန်လမ်းတွင် ဖမ်းဆီးရိုတ်နှက်၍ ခေါင်းဖြတ်သတ်ခံခဲ့ရကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။

အသတ်ခံရသူမှာ အင်းတော်မြို့နယ် ရွာသာယာရွာမှ စိုးနိုင် ဆိုသူဖြစ်ပြီး ၄င်းသည် သြဂုတ်၂၁ ရက် ညပိုင်းက တစ်ရွာတည်းနေ စက်ရုံး ၅၀ နှစ်နှင့်အတူ ဦးဝင်းအောင်၏ တရားမ၀င်သစ်စက်ကို ဓာတ်ပုံသွားရိုတ်ခဲ့ခြင်း ဖြစ်သည်။

"အပြန်မှာ သစ်စက်က လူတွေက ဒုတ်၊ဓားတွေနဲ့ ၀ိုင်းခုတ်ကြတာ၊ တစ်ယောက်က ဒဏ်ရာတွေနဲ့ လွတ်လာတယ်၊ ရဲစခန်းတိုင်လို့ ကျန်တဲ့တစ်ယောက်ကို တောနင်းရှာတာ၊ အလောင်းကို ခေါင်းဖြတ်မြေမြုပ်ထားတာ တွေ့ရတယ် "ဟု အင်းတော်မြို့မှဒေသခံတစ်ဦးက ပြောသည်။


၎င်းသတင်းအား အင်းတော်မြို့မရဲစခန်းထံဆက်သွယ်မေးမြန်းရာ အတည်ပြု ခဲ့ပြီး ပြစ်မှုကျူးလွန်သူ ၅ဦးထဲမှ တစ်ဦးဖြစ်သော ၀င်းကို (၁၈)နှစ် ကို သစ်စက်တွင် လက်ရ ဖမ်းဆီးနိုင်ခဲ့ပြီ ဟု သိရသည်။

ပြစ်မှုကျူးလွန်သူများကို ရဲစခန်းတွင် ပုဒ်မ ၅ ခုဖြငံ အမှုဖွင့်၍ ဆက်လတ်ဖမ်းဆီးနိုင်ရန် ကြိုးစားနေသည်ဟု သိရသည်။

နှင်းမောင်
Central News Myanmar
https://www.facebook.com/CNMyanmar
မှောင်ခိုသစ်စက်အား ဓာတ်ပုံရိုက်သူတစ်ဦး ခေါင်းဖြတ်သတ်ခံရ မှောင်ခိုသစ်စက်အား ဓာတ်ပုံရိုက်သူတစ်ဦး ခေါင်းဖြတ်သတ်ခံရ Reviewed by THITHTOOLWIN on 19:29 Rating: 5
Powered by Blogger.