ညောင်ဦးမြို့နယ်ရှိ ဘော်ဒါဆောင်တစ်ခုမှ ကျောင်းသားများစီးလာသည့် လိုက်ထရပ်ယာဉ် တစ်စီးတိမ်းမှောက်ရာ ကျောင်းသားတစ်တစ်ဦးသေဆုံးမှုဖြစ်ပွား


မန္တလေး-သြဂုတ် ၂၃

ဘော်ဒါဆောင် တစ်ခုမှ ကျောင်းသားများ တင်ဆောင်လာသည့်လိုက်ထရပ်ယာဉ်တစ်စီးသည် ညောင်ဦးမြို့နယ် ၊ကြအို့ကျေးရွာအုပ်စု ချောက်-ညောင်ဦးသွားကားလမ်းပေါ်တွင် အရှိန်လွန် တိမ်းမှောက်ရာမှ ကျောင်းသားတစ်ဦး သေဆုံးခဲ့ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့စု ၉၃ မှ သိရသည်။

အဆိုပါယဉ်သည် ယခုလ ၂၃ ရက် နံနက် ၈း၄၀ ခန့်က အရှိန်လွန်တိမ်းမှောက်ခဲ့ရာ ယာဉ်ပေါ်ပါလာသူ ၃၅ ဦးအနက် ၃၄ ဦးဒဏ်ရာရရှိခဲ့ပြီး တစ်ဦးမှာ ဆေးရုံရောက်ချိန်၌ သေဆုံးခဲ့ကြောင်းသိရသည်။ ဒဏ်ရာရသူများထဲမှ ကျောင်းသားနှစ်ဦးမှာ ဒဏ်ရာပြင်းထန်သဖြင့် မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သိရသည်။

တိမ်းမှောက်ခဲ့သည့်  လိုက်ထရပ်ယာဉ်မှာ ကြအိုကျေးရွာအုပ်စု၊ ဥယျာဉ်ကျေးရွာ(အိုအေစစ်) ဘော်ဒါ ဆောင်မှ ဖြစ်ပြီး ဘော်ဒါဆောင်မှ ကျောင်းသို့အသွား ယခုလိုတိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အုပ်စုရွာထဲမှာပဲ ဥယျာဉ်ရွာနဲ့ ကြအိုရွာက တစ် အုပ်စုထဲပဲ။ကြအိုရွာမှာ အထက်တန်းကျောင်း ရှိတယ်။ ဥယျာဉ်ရွာကနေ ကျောင်းသွားရင် ၁၅ မိနစ်လောက် ပဲ။ အသွားမှာ ကားအရှိန်လွန်မှောက်တာ ကားသမား ကတော့ ရဲစခန်းမှာပါ”ဟု ယာဉ်ထိန်းရဲတပ်ဖွဲ့စု ၉၃ မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်း သန်းလှိုင်အား စဥ့်ကူနယ်မြေရဲစခန်းတွင် ရာဇ သတ်ကြီးဥပဒေပုဒ်မ ၃၀၄(က)/၃၃၇/၃၃၈ အရအမှုဖွင့် ထားကြောင်းသိရသည်။

အိမို့မို့ခိုင်
Photo- ယာဉ်ထိန်းရဲတပ်ဖွဲ့စု (၉၃)
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews
ညောင်ဦးမြို့နယ်ရှိ ဘော်ဒါဆောင်တစ်ခုမှ ကျောင်းသားများစီးလာသည့် လိုက်ထရပ်ယာဉ် တစ်စီးတိမ်းမှောက်ရာ ကျောင်းသားတစ်တစ်ဦးသေဆုံးမှုဖြစ်ပွား ညောင်ဦးမြို့နယ်ရှိ ဘော်ဒါဆောင်တစ်ခုမှ ကျောင်းသားများစီးလာသည့် လိုက်ထရပ်ယာဉ် တစ်စီးတိမ်းမှောက်ရာ ကျောင်းသားတစ်တစ်ဦးသေဆုံးမှုဖြစ်ပွား Reviewed by THITHTOOLWIN on 20:26 Rating: 5
Powered by Blogger.