![]() |
ကရင်ပြည်နယ် ဖာပွန်ခရိုင်၊ အူတူထပြည်တွင်းဒုက္ခသည်စခန်းမှာ ဌာနေတိုင်းရင်းသားနေ့ အခမ်းအနားကို ၂ဝ၁၈ ခုနှစ် သြဂုတ်လ ၉ ရက်နေ့က ကျင်းပခဲ့စဉ်/ Photo: Karen Environmental and Social Action Network (KESAN) |
ဒီနေ့ ကျရောက်တဲ့ နိုင်ငံတကာ ကမ္ဘာ့ဌာနေတိုင်းရင်းသားများနေ့မှာ စစ်ပွဲတွေကြောင့် နေရပ်စွန့်ခွာလာရတဲ့ ကရင်လူထုနဲ့ ကရင်မိတ်ဖက်လူမှုအဖွဲ့တွေပူးပေါင်းပြီး ကရင်ပြည်နယ် ဖာပွန်ခရိုင်၊ အူတူထပြည်တွင်းဒုက္ခသည် စခန်းမှာ ဌာနေတိုင်းရင်းသားနေ့ အခမ်းအနားကျင်းပပြီး ကြေညာချက်ထုတ်ပြန်တာပါ။
ကရင်တိုင်းရင်းသားတွေဟာ ဘိုးစဉ်ဘောင်ဆက် သဘာဝ တောတောင်ရေမြေနဲ့ ယှဉ်တွဲနေထိုင်လာကြပေမယ့် လက်နက်ကိုင်ပဋိပက္ခတွေ၊ အကြီးစား ရေအားလျှပ်စစ် စီမံကိန်းတွေကြောင့် နေရပ်ကစွန့်ခွာထွက်ပြေးကြရတယ်လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။
သစ်တရားမဝင်ခုတ်လှဲလို့ သစ်တောပြုန်းတီးနေတဲ့ ကရင်ပြည်နယ်အတွင်း ၄ နှစ်ကြာ သုတေသနလုပ်ပြီး သစ်ခွမျိုးစိတ် ၁၂ဝ ကျော်အကြောင်း ပြုစုထားတဲ့ ပန်းမာလ်စုံလင်လှ- လူမှုဘဝသာယာလှ ဆိုတဲ့ အစီရင်ခံစာကိုလည်း ဒီနေ့ ထုတ်ပြန်ပါတယ်။ ဒီမျိုးစိတ်တွေထဲ တချို့ဟာ ရှားပါးတဲ့အပြင် လူမသိသေးတဲ့ သစ်ခွတွေဖြစ်ပြီး တချို့မျိုးစိတ်တွေကတော့ မျိုးပြုန်းတော့မယ့် အခြေအနေရှိတယ်လို့ ဖော်ပြထားပါတယ်။
RFA Burmese
https://www.rfa.org/burmese
တိုင်းရင်းသားတွေကို လေးစားဖို့ ကရင်အဖွဲ့အစည်းတွေ တောင်းဆို
Reviewed by THITHTOOLWIN
on
20:18
Rating:
