လှည်းကူးမြို့နယ် အမှတ်( ၃ )လမ်းဆုံ၌ တရားမ၀င် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား တစ်ဦးနှင့် ခေါ်ဆောင်လာသူ တစ်ဦး ဖမ်းမိ
လှည်းကူး သြဂုတ် ၆
ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ် ၌ သြဂုတ် ၅ ရက် ည ၁၁ နာရီက အမှတ် (၃)လမ်းဆုံ၊ ပူးပေါင်း စစ်ဆေးရေးဂိတ် တွင် တရားဝင် (Visa)ဗီဇာမပါဘဲ ဝင်ရောက်လာသည့် တရုတ်နိုင်ငံ သား တစ်ဦးနှင့် ခေါ်ဆောင် လာသူ တစ်ဦးတို့ အား ဖမ်းဆီးရမိခဲ့သည်။
ဖြစ်စဉ်မှာ သြဂုတ် ၅ ရက် ည ၁၁ နာရီက လှည်းကူးမြို့နယ်၊ အမှတ်(၃)လမ်းဆုံ၊ ပူးပေါင်း စစ်ဆေးရေးဂိတ်တွင် ယာဉ်စစ် ပိတ်ဆို့ ဆောင်ရွက်နေစဉ် မြဝတီမှ ရန်ကုန်သို့ ယာဉ်မောင်း ဦးအောင်မျိုးခိုင် မောင်းနှင် လာသော ခရီးသည်ယာဉ် 4M/------HIACE ယာဉ်ဖြင့် လိုက်ပါ လာသော တရုတ်နိုင်ငံသား MR-GUO KAIGUI (ဂေါ်ဆူပင်)(၄၂)နှစ် ကျုံအောင် ကျွမ်းရပ်ကွက်၊ ချုံချင်း ပြည်နယ်၊ တတိုရွှေးမြို့နေ သူသည် မြန်မာနိုင်ငံ အတွင်းသို့ တရားဝင် (Visa) ဗီဇာ မပါရှိဘဲ ဝင်ရောက်လာခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။
ထို့ကြောင့် တရားမ၀င်ဝင်ရောက်လာသူ တရုတ်နိုင်ငံသားနှင့် ၎င်းတရုတ်နိုင်ငံ သားအား ခေါ်ဆောင်လာသူ စိုင်းဆမ်တစ်(၃၀)နှစ် အမှတ်(၁၃)အခါ ဈေးလမ်း၊ တာချီလိတ်မြို့နေသူတို့အား လှည်းကူးမြို့မရဲစခန်းက အရေးယူ ထားကြောင်း သိရသည်။
နိုင်လင်း(ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
လှည်းကူးမြို့နယ် အမှတ်( ၃ )လမ်းဆုံ၌ တရားမ၀င် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား တစ်ဦးနှင့် ခေါ်ဆောင်လာသူ တစ်ဦး ဖမ်းမိ
Reviewed by THITHTOOLWIN
on
19:26
Rating:
