ထိုင်ဝမ် သမ္မတဆိုင်အင်ဝမ် အမေရိကန်မှာ မိန့်ခွန်းပြောကြား


 တရုတ်အစိုးရရဲ့ကန့်ကွက်မှုတွေကြားထဲက ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်ဟာ အမေရိကန်နိုင်ငံမှာ ၁၅ နှစ် အတွင်း ပထမဆုံး အကြိမ် မိန့်ခွန်းပြောကြားလိုက်ပါတယ်။

ထိုင်ဝမ်သမ္မတဟာ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှာရှိတဲ့ အမေရိကန် သမ္မတဟောင်း ရော်နယ် ရေဂင် စာကြည့်တိုက်မှာ မိန့်ခွန်းပြောခဲ့တာ ဖြစ်ပါတယ်။

သမ္မတ ဆိုင်အင်ဝမ်က ဒေသတွင်းငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးရဖို့ အတွက် အမျိုးသားအကျိုးစီးပွား၊ ဒီမိုကရေစီနဲ့ လွတ်လပ်မှုဆိုတဲ့ တန်ဖိုးတွေကို အခြေခံပြီး တည်ဆောက်သွားမယ်လို့ သူမရဲ့ မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားလိုက်သလို ထိုင်ဝမ်ဟာ တရုတ်ရဲ့ အစိတ်အပိုင်း ဖြစ်တယ်ဆိုတဲ့ အချက်ကိုလည်း ပယ်ချလိုက်ပါတယ်။

သမ္မတ ဆိုင်အင်ဝမ် ၂ဝ၁၆ ခုနှစ်မှာ အာဏာရစဉ်ကတည်းက တရုတ်အစိုးရဟာ ထိုင်ဝမ်ရဲ့ နိုင်ငံတကာ ဆက်ဆံရေးကို ဖြတ်တောက်နိုင်ဖို့ တစိုက်မတ်မတ် ကြိုးပမ်းခဲ့တာ ဖြစ်ပါတယ်။ သူမက လွတ်လပ်မှုနဲ့ ထိုင်ဝမ် အနာဂတ်အရေးကို ဘယ်တော့မှ ဒူးထောက်မှာ မဟုတ်ပါဘူး။ ကျန်တာတွေက ညှိနှိုင်းယူလို့ ရပါတယ်လို့လည်း ပြောပါတယ်။

အမေရိကန်နိုင်ငံဟာ ၁၉၇၉ ခုနှစ် မတိုင်ခင်က ထိုင်ဝမ်ကို ထောက်ခံခဲ့တဲ့ နိုင်ငံဖြစ်ပြီး အဲဒီနောက်ပိုင်း တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးကို အသားပေး တည်ဆောက်ခဲ့ပါတယ်။ အမေရိကန်ဟာ ထိုင်ဝမ်ရဲ့ အကြီးမားဆုံး လက်နက် ရောင်းချနေတဲ့ နိုင်ငံဖြစ်ပါတယ်။

- ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ် အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်မှာရှိတဲ့ သမ္မတဟောင်း ရော်နယ်ရေဂင် စာကြည့်တိုက်မှာမိန့်ခွန်းပြောကြားစဉ်။

Photo: AFP
RFA Burmese
https://www.facebook.com/rfaburmese/
ထိုင်ဝမ် သမ္မတဆိုင်အင်ဝမ် အမေရိကန်မှာ မိန့်ခွန်းပြောကြား ထိုင်ဝမ် သမ္မတဆိုင်အင်ဝမ် အမေရိကန်မှာ မိန့်ခွန်းပြောကြား Reviewed by THITHTOOLWIN on 22:08 Rating: 5
Powered by Blogger.