![]() |
၂၀၁၁ မြန်မာနိုင်ငံ လာရောက်စဉ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD က ခေါင်းဆောင် တွေနဲ့ တွေ့ဆုံ |
မက်ကိန်းဟာ ဒီမိုကရက်တစ် နည်းလမ်းတွေကို အလွန် လေးစားတဲ့ ပုဂ္ဂိုလ် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ လှုပ်ရှားမှု ကိုလည်း စိတ်ဓာတ်ပိုင်း အရ အများကြီး အထောက်အပံ့ ပေးခဲ့သူ ဖြစ်တယ်လို့ ဦးဉာဏ်ဝင်းက ဆိုပါတယ်။
၂၀၁၁ ခုနှစ်တုန်းက မြန်မာနိုင်ငံကို လာရောက်စဉ် မစ္စတာ မက်ကိန်းဟာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD က ခေါင်းဆောင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။
အဲဒီတွေ့ဆုံ ပွဲမှာ အခု အန်အဲလ်ဒီ ဗဟိုပြန်ကြားရေး ကော်မတီ ဥက္ကဌ ဦးဉာဏ်ဝင်းလည်း ပါဝင်ခဲ့ပြီး၊ ဂျွန်မက်ကိန်းက မြန်မာ့ဒီမိုကရေစီ အရေးကို အားပေး ထောက်ခံကြောင်းနဲ့ ဒါကို တစိုက်မတ်မတ် လုပ်ဖို့ လို ကြောင်းတွေကို အဓိက ပြောကြား သွားတယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။
ဒါကို သင်္ခန်းစာ အဖြစ်လည်း ယူလို့ ရတယ်လို့ ဦးဉာဏ်ဝင်းက ဆိုပါတယ်။
အခု သူကွယ်လွန် သွားရတာဟာ ကြီးမားတဲ့ ဆုံးရှုံးမှု ဖြစ်ကြောင်း ဒါပေမယ့် ဒီမိုကရေစီအရေး ဆိုတာ လက်ဆင့်ကမ်း သွားရတာ ဖြစ်ကြောင်းနဲ့ ဂျွန်မက်ကိန်း ဟာလည်း လက်ဆင့်ကမ်းတဲ့ အထဲမှာ ထူးခြားတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်လို့ ဦးဉာဏ်ဝင်း က ပြောပါတယ်။
ထိုင်းမြန်မာနယ်စပ် ဒုက္ခသည်တွေနဲ့လည်း တွေ့ဆုံ
အဲဒီတုန်းက မြန်မာနိုင်ငံ ခရီးစဉ် နဲ့ အတူ ဂျွန်မက်ကိန်း ဟာ ထိုင်း မြန်မာ နယ်စပ်မှာ ရှိတဲ့ မြန်မာ နိုင်ငံက စစ်ကြောင့် ထွက်ပြေး တိမ်းရှောင်လာတဲ့ ဒုက္ခသည်တွေ၊ မြန်မာ့ အရေး လှုပ်ရှား ဆောင်ရွက် သူတွေကိုလည်း သွားရောက် တွေ့ဆုံ ခဲ့ပါတယ်။
![]() |
မြန်မာတင် မကပဲ ကမ္ဘာသူ ကမ္ဘာသားတွေ အတွက် ဆုံးရှုံးမှု တခု |
ဒါ့အပြင် မြန်မာ့ လူမှုအခြေပြု အဖွဲ့အစည်းတွေနဲ့ တိုင်းရင်းသား အရေး ဆောင်ရွက် နေသူတွေကို ကူညီသွားမယ်လို့ မက်ကိန်းက ပြောကြား သွားခဲ့တယ်လို့ ဆိုပါတယ်။
ဒုက္ခသည် စခန်းတွေမှာ ရှိတဲ့ လူသားချင်း စာနာမှု ဆိုင်ရာ အကူအညီတွေ ပေးနေတဲ့ အဖွဲ့အစည်းတွေကို မစ္စတာ မက်ကိန်းက အားပေး စကား ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
အခုလို ဂျွန်မက်ကိန်း ကွယ်လွန်ရတဲ့ အပေါ် မြန်မာတင် မကပဲ ကမ္ဘာသူ ကမ္ဘာသားတွေ အတွက် ဆုံးရှုံးမှု တခု ဖြစ်တယ်လို့ ဒေါက်တာ စင်သီယာမောင်က ပြောပါတယ်။
BBC Burmese
https://www.bbc.com/burmese
မက်ကိန်း (သို့)ဒီမိုကရေစီသူရဲကောင်း
Reviewed by THITHTOOLWIN
on
22:51
Rating:
