အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်၌ သေနတ်ပစ်ခတ်မှုကြောင့် လူ သုံးဦး သေဆုံး

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်၌ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် မြင်တွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)
ဝါရှင်တန် ၊ သြဂုတ် ၂၇ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ  ဖလော်ရီဒါပြည်နယ် Jacksonville မြို့ ရှိ ဂိမ်းအရက်ဘားတစ်ခုတွင် ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ရာ သေနတ်သမားအပါအဝင် လူသုံးဦးသေဆုံးသွားကြောင်း ဒေသခံရဲတပ်ဖွဲ့ က သြဂုတ် ၂၆ ရက်တွင်ပြောကြားခဲ့သည်။

ပစ်ခတ်မှုကြောင့် အခြား လူ ၁၁ ဦးထိခိုက်ဒဏ်ရာရခဲ့ပြီး အားလုံးမှာ ပုံမှန်အခြေအနေတွင် ရှိနေကြောင်း Jacksonville မြို့ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ “ ပစ်ခတ်မှုအတွင်း ထိခိုက်ဒဏ်ရာရသူ ကိုးဦးကို မြို့ တော် မီးသတ် နဲ့  ကယ်ဆယ်ရေးဌာန(JFRD) က နီးစပ်ရာဆေးရုံတွေဆီပို့ ထားပေးပါတယ်။ အဲဒီလူတွေအနက် အချို့ က သေနတ်ဒဏ်ရာရတာပါ ” ဟု ၄င်းက ဆိုသည်။

ပစ်ခတ်မှုသည် မြို့ လယ်ရှိ ဈေးဝယ်နေရာတစ်ခု၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ၊ ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ ၃ဝ မိနစ်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ သေနတ်သမားသည် ဂိမ်းဆိုင်နှင့်တွဲဖွင့်ထားသည့် အရက်ဘားတစ်ခုအတွင်း ပစ်ခတ်မှုပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အခင်းဖြစ်ချိန်တွင် ဂိမ်းပြိုင်ပွဲ live လွှင့်နေချိန်ဖြစ်ကြောင်း သိရသည်။

သေနတ်သမားအဖြစ် သံသယရှိသူအမျိုးသားမှာ အသက် ၂၄ နှစ်အရွယ် David Katz ဖြစ်ပြီး ၄င်းသည် ဂိမ်းပြိုင်ပွဲဝင်ရန် မေရီလန်းပြည်နယ် ဘာတီမိုမြို့ မှ လာရောက်ခဲ့သူ ဖြစ်သည်။ ၄င်းသည် မိမိကိုယ်ကို အဆုံးမစီရင်မီ အော်တိုမက်တစ်ရိုင်ဖယ်သေနတ်ဖြင့် ပစ်ခတ်မှုကျူးလွန်ခဲ့ခြင်းဖြစ်သည်။Katz သည်  EA ဂိမ်းပြိုင်ပွဲတွင် ၂ဝ၁၇ ခုနှစ် ချန်ပီယံ ဆုရရှိခဲ့သူဖြစ်သည်။အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်က အခင်းဖြစ်ရပ်အပေါ် အနီးကပ်လေ့လာစောင့်ကြည့်ရန် ညွှန်ကြားထားကြောင်း သမ္မတအိမ်ဖြူတော် ပြန်ကြားရေးတာဝန်ခံ Sarah Huckabee Sanders ၏ ထုတ်ပြန်ချက်တစ်စောင်တွင် ဖော်ပြထားသည်။

(Xinhua)
http://www.xinhuamyanmar.com
အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်၌ သေနတ်ပစ်ခတ်မှုကြောင့် လူ သုံးဦး သေဆုံး အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်၌ သေနတ်ပစ်ခတ်မှုကြောင့် လူ သုံးဦး သေဆုံး Reviewed by THITHTOOLWIN on 12:25 Rating: 5
Powered by Blogger.