![]() |
Photo: www.pexels.com |
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက နိုင်ငံရပ်ခြား စစ်ရေးအကူအညီ ရန်ပုံငွေအဖြစ် ထောက်ပံ့မှာဖြစ်တယ် လို့ ကိုလံဘိုမြို့မှာရှိတဲ့ အမေရိကန်သံရုံးက ပြောပါတယ်။
ဒီရန်ပုံငွေနဲ့ ပတ်သက်ပြီး အမေရိကန်ရဲ့ ဘင်္ဂလားပယ်လယ်အော် အစီအစဉ်၊ သိရိလင်္ကာ ရဲ့ လူသားချင်းစာနာ ရေး အကူအညီ နဲ့ သဘာဝဘေးဒဏ် ကူညီရေးတွေနဲ့ ပတ်သက်ပြီး သီရိလင်္ကာအစိုးရနဲ့ ဆွေးနွေးမယ်လို့လည်း ပြောပါတယ်။
သိရိလင်္ကာမှာ တရုတ်က ရေနက်ဆိပ်ကမ်းတွေနဲ့ တခြားစီမံကိန်းတွေ ဆောင်ရွက်နေတာပါ။ တရုတ်ရဲ့ စင်္ကြန်နဲ့ ပတ်လမ်း အစီအစဉ်မှာ သီရိလင်္ကာက အရေးကြီးတဲ့နေရာတွေထဲမှာ ပါဝင်ပါတယ်။
၂၀၀၉ ခုနှစ်က သီရိလင်္ကာမှာ တမီ ခွဲထွက်ရေးသူပုန်တွေကို နှိမ်နင်းခဲ့စဉ်အတွင်း အမေရိကန်က သိရိလင်္ကာကို လက်နက်ရောင်းချမှု ပိတ်ပင်ခဲ့ပါတယ်။
RFA Burmese
https://www.facebook.com/pg/rfaburmese
သီရိလင်္ကာရဲ့ ရေကြောင်းလုံခြုံရေးအတွက် ကန်က ကူညီမယ်လို့ ကြေညာ
Reviewed by THITHTOOLWIN
on
09:36
Rating:
