ကျပ်သိန်း တသောင်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါး သယ်ဆောင်သည့် လူငယ် ၃ ဦးအား လားရှိုးတွင် ဖမ်းဆီးမိ

လားရှိုးမှ ရန်ကုန်သို့ သွားမည့် ခရီးသည် ၃ ဦး ထံမှ ကျပ်သိန်း တသောင်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါး များ ဖမ်းဆီးရ
သျှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့ နားမခေါ် အဝေးပြေး ကားကြီးဝင်း တွင် လားရှိုးမှ ရန်ကုန်သို့ သွားမည့် ခရီးသည် ၃ ဦး ထံမှ ကျပ်သိန်း တသောင်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါး များ ဖမ်းဆီးရရှိကြောင်း လားရှိုး မြို့မ ရဲစခန်းထံမှ စုံစမ်းသိရသည်။

သြဂုတ် ၁၅ ရက် ညနေ ၄ နာရီခွဲကျော်က လားရှိုးမှ ရန်ကုန် “ ရာဇာထွန်း” ခရီးသည် တင်ကားဖြင့် လိုက်ပါမည့် ခရီးသည် လူငယ် ၃ ဦး ၏ ခရီးဆောင် အိတ် ၃ လုံးအတွင်း စက္ကူ အညိုဖြင့် ထုတ်ထားသည့် WY နှင့် W တံဆိပ်ရိုက်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၆ သိန်းနီးပါး နှင့် အလေးချိန် (၅၂.၆၅) ကီလို ဖမ်းဆီး သိမ်းဆည်းနိုင်ခဲ့ကြောင်း လားရှိုး မြို့ မရဲစခန်း မှူး တာဝန်ကျ ရဲ က ပြောသည်။

“ ဆေးပြား တပြား ကာလ ပေါက်ဈေးက ကျပ် ၂ ထောင် ရှိတယ်။ အားလုံးပေါင်း က ကျပ်သိန်းပေါင်း ၁ သောင်း ကျော် တန်ဖိုးရှိပါတယ်” ဟု ၎င်းရဲ က ဆိုသည်။

မူးယစ်ဆေးဝါး သယ်ဆောင်လာသည့် လူငယ်များသည် မိုင်းရှူးမြို့ နယ် ဝမ်လွိုင်ရွာ နေ လားဟူ လူမျိုး များ ဖြစ်ကြသည့် မောင်ကျအိ အသက် (၂၆)နှစ်၊ မောင်ဂျီမေ အသက်( ၂၀ နှစ်) နှင့် အသက် ၁၆ နှစ် အရွယ် မောင်ကျာဖေ တို့ ဖြစ်ကြောင်း လားရှိုးမြို့မ ရဲစခန်း ထုတ်ပြန်ချက်အရသိရသည်။

အဆိုပါ မူးယစ်ဆေးဝါး သယ်ဆောင်သည့် လူငယ် ၃ ဦးကို မူးယစ်ဆေးဝါး နှင့် စိတ်ကို ပြောင်းလဲ စေသောဆေးဝါး များဆိုင်ရာ ဥပဒေ အရ အရေးယူထားကြောင်း၊ နောက်ဆက်တွဲ ကွင်းဆက် တရားခံများကို ဖမ်းဆီးရမိစေရေး ဆက်လက် ဆောင်ရွက်နေကြောင်း သိရသည်။

“ ကျနော်တို့ ဒေသမှာ အလုပ်အကိုင်တွေ ရှားပါးလာတော့ ငွေရဖို့ အတွက် ဘာမဆို လုပ်လာတယ်။ နောက်ပြီး ဒီဒေသမှာ မူးယစ်ဆေးဝါးတွေက အလွယ်ရ ဈေးနှုန်းကလည်း ပေါတော့ လူငယ်တွေ မူးယစ်ဆေးဝါးနွံထဲ နစ်နေကြပြီ ” ဟု လားရှိုး ဒေသခံ စိုင်းမောင်ဦး က သျှမ်းသံတော်ဆင့်သို့ ပြောသည်။

သျှမ်းသံတော်ဆင့်၊ နန်းဆိုင်နွမ်
http://burmese.shannews.org
ကျပ်သိန်း တသောင်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါး သယ်ဆောင်သည့် လူငယ် ၃ ဦးအား လားရှိုးတွင် ဖမ်းဆီးမိ ကျပ်သိန်း တသောင်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါး သယ်ဆောင်သည့် လူငယ် ၃ ဦးအား လားရှိုးတွင် ဖမ်းဆီးမိ Reviewed by THITHTOOLWIN on 22:10 Rating: 5
Powered by Blogger.