ကမ္ဘောဒီးယားသို့ ထွက်ပြေးနေသည့် နံမည်ကြီး လူသတ်တရားခံ ဖက်တီးအား ထိုင်းနှင့် ကမ္ဘောဒီးယားရဲများက ပူးပေါင်းဖမ်းဆီး


16August 2018

""""ငွေရှိရင် ဘာမဆိုရှင်းနိုင်တယ်အမေ ..ကျုပ်လူသတ်ပြီးခဲ့ပြီ.. ရဲကိုငွေနဲ့ ဝယ်လိုက်တာ..ခုလည်း ထပ်သတ်လို့ ရတယ် """""
မိန်းခလေးတဦးကို သတ်ဖို့  အထူးရဲတပ်ဖွဲ့ ကလုပ်တဲ့ စစ်ဆင်ရေးကြီးတခုလုပ်သလို မျိုး.. လူခြောက်ယောက်၊ သေနတ် လေးလက် ၊ကားလေးစီး နဲ့ ဘတ် ငွေသန်းချီပြီး ရင်းနှီးခဲ့တဲ့ ၂၀၁၈ ဇူလိုင်လ ၂၉ ရက်နေ့ က ထိုင်းနိုင်ငံချွန်ပူရီ ပြည်နယ် အတွင်းမှာ ရှိတဲ့ ကမ္ဘာ ကျောက်ထွင်း ဗု ဒ္ဓ ရုပ်ပွားတော်ကြီးရှိရာ ရှေ့ မျက်နှာစာမှာ ဖြစ်ပွားခဲ့တဲ့ နှစ်လောင်းပြိုင်လူသတ်မှုရဲ့  အဓိက တရားခံ ဖက်တီးကို ထိုင်းကမ္ဘောဒီးယားနယ်စပ်မှာ ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရပါတယ်။

ပရင်ညာရင့်ဒန် ( မြန်မာလို ပညာကျော်ထက်)လို့  အမည်ရတဲ့ အသက် ၃၉ နှစ် ဟာ ထိုင်းတောင်ပိုင်ပုးခက်ပြည်နယ် နိုက်ကလပ် ပိုင်ရှင်တဦးဖြစ်ပါတယ်၊ ခုလို ချမ်းသာမလာခင် က နိုက်ကလပ်ဘား မှာ ဖက်တီး ရဲ့ အလုပ်ဟာ အမျိုးသားတွေ အိမ်သာခန်းထဲဝင်ပြီး အပေါ့အပါးသွားရင် နောက်ကနေ သဘက်နဲ့  ချွေးသုတ်ပေးရင်း ဧည့်ခံနှိပ်နယ်ပေးပြီး တစ်(ဘောက်ဆူး) တောင်းရတဲ့ ဘ၀ကနေ ခုလို နိုက်ကလက် ပိုင်ရှင်ဖြစ်လာခဲ့သူပါ။

နောက်ပိုင်း တော့ စေရာ အို့ ဝ (သူဌေးဝတုတ်ဘွဲ့ ) ရယ်လို့  ဘားပိုင်ရှင်တွေကြား နံမည်ရလာခဲ့တဲ့သူဖြစ်ပါတယ်။
လူသတ်ရတဲ့ ဇတ်လမ်းကတော သူ့ ဆိုင်မှာ လာပြီးဧည့်ကြိုလုပ်ပေးတဲ့ ကောလိတ်ကျောင်းသူ နောင်းစပိုက်( အသက် ၂၀) ကို မယားလုပ်ဖို့ ဖွန်ကြောင်တာကနေ စခဲ့တာပါ။

ကောင်းမလေးက ဖက်တီးကို မကြိုက်ပေမယ့် ညာစားခဲ့တာ သူ့ ရဲ့ အမှားဖြစ်မှာပါ၊ ဖက်တီးက အတည်လက်ထပ်ဖို့  ခွင့်တောင်းပြီးရအောင်ယူတော့မယ့်အချိန်မှာ ကောင်းမလေးက ဆိုင်ကနေ ထွက်ပြေးသွားခဲ့တယ်။

ကောင်းမလေးအတွက် ဖက်တီး ဘယ်လောက်ငွေသုံးခဲ့လည်းတော့မသိ သူကြိုက်နေတဲ့ နောင်းစပိုက် အမေ ရဲ့  ဘဏ်အကောင့်ထဲကို (ကျပ်ငွေ သန်း၄၀ကျော်) ဘတ်ငွေ တသန်းတောင်ပို့ ပေးတာ၊ ငွေရှိရင် ဘာမဆိုရှင်းနိုင်တယ်အမေ ..ကျုပ်လူသတ်ပြီးခဲ့ပြီ.. ရဲကိုငွေနဲ့  ၀ယ်လိုက်တာ..ခုလည်း ကျပ်လူသတ်လို့ ရတယ် .. လို့ တကယ်လို့ ကောင်းမလေးက သူ့ ကို လက်မထပ်ခဲ့ရင် သတ်နိုင်တယ်လို့  ကောင်းမလေးရဲ့ အမေကို ဖုန်းဆက်ပြောခဲ့တဲ့စကားပါ။


ထွက်ပြေးသွားတဲ့ကောင်းမလေးရှိနေတဲ့ နေရာတွေအောင်ရှာ၊ သူရှိတဲ့နေရာကို စုံးစမ်းပြီး သူငယ်ချင်းဖြစ်အောင် လုပ်ဖို့  အတွင်း လူ နှစ်ဦး၊ လူသတ်သမား တဦး နဲ့  သတ်မယ့်နေ့ မှာ လိုက်ပို့ ကြမယ့် သူတွေ အားလုံး သူ့ ဆိုင်က ဘယ်လက်ရုံး ၊ ညာလူမိုက် တွေ အကုန်သုံးခဲ့ပါတယ်။
သတ်မယ့်နေ့ မှာ ကောင်းမလေးနဲ့ သူငယ်ချင်းဖြစ်နေသူ ဖက်တီးရဲ့ အတွင်းလူက ချွန်ပူရီကို အလည်သွားမယ် ...ကားနဲ့  ခေါ်ထုတ်လာတယ်၊ ကျောက်တောင် ရုပ်ပွားတော်ကြီးရှေ့  မှာကားရပ်ပြီး အတွင်းလူတွေကရှောင်ပေးလိုက်တဲ့ အချိန်.... ဖက်တီးနဲ့  အငှားလူသတ်သမားက ရောက်လာပြီး ပစ်သတ်တော့တာပါပဲ။ ဘာမှမသိပဲ အချောင်သေသွားတာကတော့ နိုင်အနမ်တာ (အသက်၂၁) နှစ်မိန်းမလျှာ (ယောက်ကျားချင်းနှစ်သက်သူ) အမျိုးသားဖြစ်ပါတယ်။

မိန်းခလေးနဲ့ ဆွေမျိုးလည်းတော် ငယ်သူငယ်ချင်းလည်းဖြစ်တဲ့သူပါ၊ သူတို့ နှစ်ဦး လက်ချင်းချိတ်ထားတာကို ဖက်တီးက မြင်ပြီး ရီးစားအသစ် ထင်သွားကာ နှစ်ယောက်စလုံး ပစ်သတ်သွားခဲ့တာပါ။
လူသတ်ပြီး ထိုင်းမှာဆို ပြေးမလွတ်မှန်းသိတော့ ကမ္ဘောဒီးယားနိုင်ငံထဲကိုဝင်ပြေးခဲ့ပါတယ်၊ နှစ်ပါတ်ကျော်သာ တရားခံဖက်တီးဟာ ပုန်းနေနိုင်ပြီး မနေ့ က သူနေတဲ့နေရာကို ထိုင်းနဲ့  ကမ္ဘောဒီးယားရဲတွေ ၀ိုင်းဖမ်းလိုက်ပါပြီ။

တရားခံ ဖက်တီးနဲ့ အတူ ပူးပေါင်းကြံစည်ခဲ့တဲ့ တပည့်ကျော်တွေ အငှား လူသတ်သမားတွေ အားလုံးကိုလည်း ဖမ်းထားပြီးဖြစ်ပါတယ်၊ နောက်ဆုံးမိတဲ့ ဖက်တီးကို လေယာဉ်နဲ့  သွားခေါ်ပြီး ဒီကနေ့  သြဂုတ်လ ၁၆ ရက်နေ့ မကြာခင် နာရီပိုင်းအတွင်း မှာ သတင်းစာရှင်းလင်းပွဲလုပ်မှာဖြစ်ပါတယ်။

ရဲကိုငွေနဲ့ ပေါက်ပြီး ၀ယ်နိုင်တယ် တရားခွင်ကနိုင်အောင်လုပ်နိုင်တဲ့သူ လူသတ်တရားခံ ဖက်တီး အမှုကိုလိုက်နေတဲ့ ချွန်ဘူရီပြည်နယ်ရဲမှူးကတော့ """" ငွေနဲ့ ဝယ်ကြည့်ပေါ့ ကျုပ်ကိုတော့ ငွေပုံပေးလို့ မရဘူး... တရားခံမိအောင်ဖမ်းပြမယ်"""လို့  ပြောခဲ့
ပါတယ်။

Social Action for Children and Women - SAW
ကမ္ဘောဒီးယားသို့ ထွက်ပြေးနေသည့် နံမည်ကြီး လူသတ်တရားခံ ဖက်တီးအား ထိုင်းနှင့် ကမ္ဘောဒီးယားရဲများက ပူးပေါင်းဖမ်းဆီး ကမ္ဘောဒီးယားသို့ ထွက်ပြေးနေသည့် နံမည်ကြီး လူသတ်တရားခံ ဖက်တီးအား ထိုင်းနှင့် ကမ္ဘောဒီးယားရဲများက ပူးပေါင်းဖမ်းဆီး Reviewed by THITHTOOLWIN on 11:31 Rating: 5
Powered by Blogger.