![]() |
LAKRUWAN WANNIARACHCHI / AFP |
အမုန်းတရား ပြောဆိုမှုတွေကို ဝေဖန်ဖေါ်ထုတ်ရင်း ပျောက်ဆုံးသွားခဲ့တဲ့ သတင်းထောက်တဦးရဲ့ ဇနီးဖြစ်သူကို အသက်အန္တရာယ်ပြုမယ်လို့ ခြိမ်းခြောက်ပြောဆိုခဲ့မှုအတွက် မူလက ထောင်ဒဏ် ၆ လ အပြစ်ပေး ချမှတ်ပြီးဖြစ်တဲ့ အဲဒီ သံဃာကို တရားရုံးမှာ အမှုကို စစ်ဆေးနေစဉ်အတွင်း တရားသူကြီးနဲ့ ရှေ့နေတွေကို အော်ဟစ်ကြိမ်းမောင်းခဲ့တဲ့အတွက် ပုဒ်မ ၄ ခုနဲ့ ထပ်မံစွဲချက်တင်ပြီး အခုလို ထောင်ဒဏ် ၆ နှစ်အပြစ်ပေးလိုက်တာပါ။ ပြစ်ဒဏ်အားလုံးကို တပေါင်းတစည်းတည်းကျခံစေရမယ်လို့ ဆိုပါတယ်။ အဲဒီ ဆရာတော်ဟာ မြန်မာနိုင်ငံမှာ အမုန်းတရား ဖြန့်ချိမှုအတွက် နံမည်ကျော်တဲ့ အရှင် ဝီရသူနဲ့ ရင်းနှီးသူဖြစ်တယ်လို့ ကိုလံဘိုမြို့ကလာတဲ့ သတင်းမှာ ဖေါ်ပြထားပါတယ်။
RFA Burmese
https://www.facebook.com/rfaburmese/
သီရိလင်္ကာ ဆရာတော် ထောင်ဒဏ် ၆ နှစ် ချမှတ်ခံရ
Reviewed by THITHTOOLWIN
on
11:04
Rating:
