![]() |
Photo: GREG BAKER / AFP |
မြောက်ကိုရီးယား KCNA သတင်းမှာ ဖေါ်ပြချက်အရ ဂျပန်နိုင်ငံသား Tomoyuki Sugimoto ကို လူသားခြင်း ငဲ့ညှာထောက်ထားခြင်း အခြေခံနဲ့ ပြန်လွှတ်ပေးလိုက်တယ်လို့ရေးပါတယ်။ ဒါပေမဲ့ သူ့ကို ဘာကြောင့် ဖမ်းထားတယ်ဆိုတာ မဖေါ်ပြပါဘူး။
Sugimoto ကို ပြီးခဲ့တဲ့ သြဂုတ်လဆန်းက ဖမ်းလိုက်တာဖြစ်ပြီး အဲဒီအချိန်ကထဲက ဂျပန်အစိုးရဟာ သူ့လုံခြုံရေးအတွက် တောက်လျောက်မေးမြန်းနေတာဖြစ်ပါတယ်။ ဂျပန်နိုင်ငံက မြောက်ကိုရီးယားကို အနုမြူလက်နက် အစီအစဉ်များကို စွန့်လွှတ်ဖို့ တောင်းဆိုထားတာအပြင် မြောက်ကိုရီးယားက ၁၉၇၀ နဲ့ ၁၉၈၀ ခုနှစ်အချိန်များအတွင်း ဖမ်းထားတဲ့ ဂျပန်လူမျိုးများကို ပြန်လွှတ်ပေးဖို့လည်း တောင်းဆိုထားပါတယ်။
ဂျပန်နိုင်ငံက သူ့တောင်းဆိုချက်များ လိုက်လျောပြီး သံတမန်အဆက်အဆံ ပုံမှန် ပြန်ရလာပြီးနောက်မှ မြောက်ကိုရီးယားကို စီးပွားရေးအကူအညီများပေးမှာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
RFA Burmese
https://www.facebook.com/rfaburmese/
ဖမ်းထားတဲ့ ဂျပန်နိုင်ငံသားတဦးကို မြောက်ကိုရီးယား ပြန်လွှတ်ပေး
Reviewed by THITHTOOLWIN
on
12:16
Rating:
