တောင်နဲ့ မြောက်ကိုရီးယား အားကစားသမားတွေ စုပေါင်းချီတက်

(၁၈ ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားမှာ တောင်နဲ့ မြောက်ကိုးရီယား နှစ်နိုင်ငံ အားကစားသမားတွေကို တွေ့ရစဉ်)
အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ မနေ့က ကျင်းပတဲ့ အာရှအားကစားပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားမှာ တောင်-မြောက်ကိုရီးယား ပေါင်းစည်းရေး အလံနောက်ကနေ နှစ်နိုင်ငံ အားကစားသမားတွေ ဘေးချင်းယှဉ် ချီတက်လာတာကို ထောင်နဲ့ချီတဲ့ ပွဲကြည့်ပရိသတ်က သောင်းသောင်းဖျဖျ အားပေးကြပါတယ်။

တောင်ကိုရီးယား ၀န်ကြီးချုပ် Lee Nak-yon နဲ့ မြောက်ကိုရီးယား ဒုတိယ၀န်ကြီးချုပ် Ri Ryong Nam တို့ လက်ချင်းတွဲပြီး လက်မြှောက်ပြကြတာကိုလည်း ပရိသတ်သြဘာသံက ညံလို့ သွားပါတယ်။

၁၉၅၀ ပြည့်နှစ်က က ၅၃ ခုထိ နှစ်ဘက်စစ်ဖြစ်ခဲ့တဲ့ တောင်-မြောက်ကိုရီးယား က အားကစားသမား ၆၀ ပါဝင်ပြီး အားကစားပွဲ သုံးပွဲမှာ အတူတကွ ယှဉ်ပြိုင်ပါမယ်။

ကိုရီးယားနှစ်နိုင်ငံက ထိပ်တန်း နိုင်ငံရေးသမားတွေကလည်း နှစ်နိုင်ငံ အားကစားသမားနှစ်ယောက် အတူ ကိုင်ဆောင်လာတဲ့ အလံနောက်က အပြာနဲ့ အဖြူဝတ်စုံနဲ့ အားကစားသမားတွေ ချီတက်လာတာကို ရှုစားကြပါတယ်။

RFA Burmese
https://www.facebook.com/pg/rfaburmese
တောင်နဲ့ မြောက်ကိုရီးယား အားကစားသမားတွေ စုပေါင်းချီတက် တောင်နဲ့ မြောက်ကိုရီးယား အားကစားသမားတွေ စုပေါင်းချီတက် Reviewed by THITHTOOLWIN on 10:24 Rating: 5
Powered by Blogger.