ဆိတ်တုပ်ကောင်များကြောင့် ဆားလင်းကြီး၊ ကျားတက် အထက်တန်းကျောင်း အရေးပေါ်ပိတ်လိုက်ရ


ဆာလင်းကြီး၊သြဂုတ်-၂၃

ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ် ကျားတက်ရွာအထက်တန်းကျောင်းတွင် ယနေ့နံနက်ပိုင်းက ဆိတ်တုပ်ကောင်ပိုးများ ဆရာနှင့်ကျောင်းသူကျောင်းသားများကို ကိုက်သဖြင့် အရေးပေါ်ကျောင်းပိတ်လိုက်ရကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။


အစိမ်းရောင်အမွေးအမျှင်များရှိသော ၄င်းပိုးကောင်များသည် ကျောင်းရှိ သစ်ပင်များပေါ်မှ အစုအပြုံလိုက် ကျလာပြီး ထိတွေ့မိသောဆရာနှင့်ကျောင်းသားကျောင်းသား၉ ဦးမှာ အဖုအပိန့်များယားယံခြင်းများဖြစ်ပေါ်ခဲ့ကြသည်။

" ဆိတ်ကို ကိုက်ရင်တော့ သေနိုင်တယ်ပြောတယ်၊ကိုယ်ခံအားမကောင်းတဲ့လူဆို မူးဝေအော့အန်တာတွေဖြစ်နိုင်တယ်လို့ ဆရာဝန်ကပြောတယ်" ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦကိုကိုနိုင် ကပြောသည်။


ပိုးကောင်များ အစုအပြုံလိုက်ကျမှုကြောင့် တိုက်နယ်ဆေးရုံ ဆရာဝန်မှလာရောက်ကြည့်ရှု့ ကုသပေးခဲ့သည်။

ယင်းနောက် စိုက်ပျိုးရေးပညာရှင်များနှင့်တိုင်ပင်ကာ ကျေးရွာရှိ လူမှုကူညီရေးအသင်းနှင့် ရဲတပ်ဖွဲ့ဝင်များ ၊ဒေသခံများ စုပေါင်း၍ ပိုးသတ်ဆေးဖြန်းနှိမ်နင်းခဲ့ကြသည်။

ဓာတ်ပုံ- Ko Ko Naing
Monywa Gazette
https://www.facebook.com/monywagazette
ဆိတ်တုပ်ကောင်များကြောင့် ဆားလင်းကြီး၊ ကျားတက် အထက်တန်းကျောင်း အရေးပေါ်ပိတ်လိုက်ရ ဆိတ်တုပ်ကောင်များကြောင့် ဆားလင်းကြီး၊ ကျားတက် အထက်တန်းကျောင်း အရေးပေါ်ပိတ်လိုက်ရ Reviewed by THITHTOOLWIN on 20:15 Rating: 5
Powered by Blogger.