မိုးညှင်း သြဂုတ် ၂
ကချင်ပြည်နယ် မိုးညှင်းမြို့ နယ် ညောင်ပင်သာကျေးရွာအုပ်စု လက်ပန်တန်းကျေးရွာအနီး တရား မဝင် ရထားလမ်းကူးနေရာတွင် မီးရထားနှင့် အမျိုးသမီးနှစ်ဦးစီး လာသော ဆိုင်ကယ်တို့တိုက်မိရာ ဆိုင်ကယ်နောက်မှလိုက်ပါလာသူ အမျိုးသမီးမှာ ဒဏ်ရာပြင်းထန် သဖြင့် မိုးညှင်းခရိုင်ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် တက်ရောက် ကုသမှုခံယူနေရကြောင်းသိရသည်။
စုံစမ်းသိရှိရသည်မှာ ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် နန်းမားဘူတာ မှ မိုးညှင်းဘက်သို့ စက်ခေါင်း မောင်း ဦးစိုးနိုင်နှင့် ဦးကျော်ဇော လင်းတို့ မောင်းနှင်လာသော စက် ခေါင်းအမှတ်(DD-959) အမှတ် ၅ဝ အစုန် မြစ်ကြီးနား-နဘား လော်ကယ်ရထားနှင့် မိုးညှင်းမြို့ နယ် အင်းကုန်းကျေးရွာအုပ်စု ကန် ကုန်းလေးကျေးရွာနေ ဒေါ်စန်းစန်း ဆင့်မောင်းနှင်၍ နောက်မှဒေါ်သန်း သန်းဆွေလိုက်ပါလာသော KEN- BO 125 ဟြ/နက်ရောင်ဆိုင်ကယ် တို့သည် မီးရထားမိုင်တိုင်အမှတ် (၆၃၉/၁၇)နှင့်(၆၃၉/၁၆)အကြား တရားမဝင် ရထားလမ်းအကူးတွင် ဆိုင်ကယ်ရှေ့ဘီးနှင့် မီးရထားစက် ခေါင်းတို့တိုက်မိခဲ့ကြသည်။
ထိုသို့တိုက်မိခဲ့သဖြင့်ဆိုင်ကယ် စီးလာသူနှစ်ဦးမှာ လွင့်စဉ်သွားပြီး ဆိုင်ကယ်မှာပေ ၃ဝ ခန့် အထိ ချိတ်ပါခဲ့ကာ ဆိုင်ကယ်မောင်းနှင် သူဒေါ်စန်းစန်းဆင့်မှာ ထိခိုက်ဒဏ် ရာမရရှိသော်လည်း ဆိုင်ကယ် နောက်မှထိုင်လိုက်လာသူဒေါ်သန်း သန်းဆွေ(၅၂နှစ်)တွင် နဖူးပေါက် ပြဲဒဏ်ရာ၊ ဦးခေါင်း နောက်ပေါက် ပြဲဒဏ်ရာနှင့်ဝဲဘက် လက်ကျိုး ဒဏ်ရာ(စိုးရိမ်ရ)တို့ရရှိခဲ့သည်။
အဆိုပါအခင်းဖြစ်ပွားရာသို့ နန်းမားနယ်မြေ ရဲစခန်းခေတ္တ စခန်းမှူးရဲအုပ်အောင်သူစိုးနှင့် တပ် ဖွဲ့ဝင်များ၊ နန်းမားဘူတာရုံပိုင်ကြီး ဦးတင်မောင်ဌေးနှင့် နန်းမားအုပ်စု အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဌေး တို့ရောက်ရှိကာ ဒဏ်ရာရရှိသူ ဒေါ်သန်းသန်းဆွေအား ရဲဆေးစာ ဖြင့် မိုးညှင်းခရိုင်ဆေးရုံကြီးသို့ ပို့ ဆောင်ကာ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြသည်။
ထို့ကြောင့် မော်တော်ဆိုင် ကယ်အား မဆင်မခြင်စီးနင်းသူ ဒေါ်စန်းစန်းဆင့်(၃၈နှစ်) ကန်ကုန်း လေးကျေးရွာ အင်းကုန်းကျေးရွာ အုပ်စု မိုးညှင်းမြို့နယ်နေထိုင်သူ အား နန်းမားဘူတာရုံပိုင်ကြီး ဦးတင်မောင်ဌေးက တရားလိုပြု လုပ်တရားစွဲဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
ကချင်မြေနဂါး
The Union Daily
https://www.facebook.com/uniondaily.net/
မိုးညှင်းမြို့နယ် နန်းမားဒေသတွင် အမျိုးသမီးနှစ်ဦး စီးလာသော ဆိုင်ကယ်နှင့် မီးရထားတိုက်မိ
Reviewed by THITHTOOLWIN
on
20:59
Rating:
