တရုတ်အစိုးရက ဗလီ ဖြိုချမယ့်အစီအစဉ် ဒေသခံ မွတ်စလင်တွေ ထောင်နဲ့ချီ ဆန္ဒပြ

စင်ကျန့်ပြည်နယ်မှာရှိတဲ့ တရုတ်နိုင်ငံက အကြီးဆုံး ဗလီကြီးရှေ့မှာ ခရီးသွားတစု စုဝေးနေပုံ။ Photo: AFP
 တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဝေကျိုးမြို့မှာ ဗလီတခုကို ဖြိုချဖို့ စီစဉ်နေတဲ့အတွက် ထောင်နဲ့ချီတဲ့ မွတ်စလင်တွေ စုရုံးပြီး အစိုးရကို ဆန္ဒပြကြပါတယ်။

တရုတ် အစိုးရက ဖြိုချဖို့ စီစဉ်နေတဲ့ အဲဒီဗလီကို အစိုးရဆီက တည်ဆောက်ခွင့်ရလို့ တရားဝင် ဆောက်ခဲ့တာ ဖြစ်ပြီး မနှစ်ကမှ အပြီးသတ်ခဲ့တာ ဖြစ်ပါတယ်။

အာဏာပိုင်တွေက ဗလီရဲ့အမိုးခုံး ၉ ခုထဲက ၈ ခုကို ခွင့်ပြုချက်ထဲမှာ ပါတာထက် ပိုကြီးနေလို့ဆိုပြီး ဖြိုချဖို့ စီစဉ်တာဖြစ်တယ်လို့ ဗလီရှိရာ ရွာလူကြီးတဦးက ပြောပါတယ်။

တရုတ်အစိုးရဟာ ဘာသာမဲ့ အာဏာရကွန်မြူနစ်ပါတီရဲ့ သစ္စာခံ မဟာမိတ်တွေဖြစ်ရေး ကြိုးပမ်းနေတာပါ။ ဗလီတွေပေါ်က အစ္စလာမ်မစ် အမှတ်အသား လခြမ်းတံဆိပ်တွေနဲ့ အမိုးခုံးတွေကို ဖယ်ထုတ် ပစ်နေပြီး ခရစ်ယာန်ဘုရားကျောင်းတွေကိုပိတ်ပစ်၊ သမ္မာကျမ်းစာအုပ်တွေကို သိမ်းဆည်းပစ်သလို ဘုန်းကြီးကျောင်းနဲ့ ဗုဒ္ဓဘာသာ ဘာသာရေးကျောင်းတွေမှာ ကျောင်းတက်နေတဲ့ တိဘက်ကျောင်းသား လေးတွေကိုလည်း အစိုးရကျောင်းတွေကို အတင်းအဓမ္မ ပြောင်းရွှေ့စာသင်ခိုင်းနေပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ