အင်ဒိုနီးရှား ငလျင်ကြောင့် သေဆုံးသူ ၄၃၀ ကျော်ရှိ

(သမ္မတ ဂျိုကို ၀ီဒိုဒိုက ငလျင်ကြောင့် ထိခိုက်ဒဏ်ရာရသူတွေကို လိုက်လံကြည့်ရှုစဉ်)
အင်ဒိုနီးရှားနိုင်ငံ လွမ်ဘော့ကျွန်းမှာ လှုပ်ခဲ့တဲ့ ငလျင်ကြောင့် သေဆုံးသူ ၄၃၀ ကျော်ရှိခဲ့ပြီး၊ ပျက်စီး ဆုံးရှုံးမှု တန်ဖိုး အမေရိကန်ဒေါ်လာ ၃၄၂ သန်းကျော်ရှိခဲ့တယ်လို့ သိရပါတယ်။

ပြင်းအား ၆.၉ ရှိတဲ့ ငလျင်ကြောင့် လူ သုံးသိန်းခွဲလောက် နေအိမ်စွန့် ထွက်ပြေးခဲ့ကြရပါတယ်။

ငလျင်ဒဏ် အခံဆုံးနေရာတွေက ဝေးကွာတဲ့နေရာတွေ ဖြစ်နေတဲ့အတွက် အကူအညီတွေ အရောက်နှေးနေရ တယ်လို့ အစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။

တနင်္လာနေ့ကတော့ သမ္မတ ဂျိုကို ၀ီဒိုဒို လွမ်ဘော့ကျွန်းကို ရောက်ရှိခဲ့ပြီး အခြေအနေတွေကို ကြည့်ရှုခဲ့ပါတယ်။

RFA Burmese
https://www.facebook.com/pg/rfaburmese
အင်ဒိုနီးရှား ငလျင်ကြောင့် သေဆုံးသူ ၄၃၀ ကျော်ရှိ အင်ဒိုနီးရှား ငလျင်ကြောင့် သေဆုံးသူ ၄၃၀ ကျော်ရှိ Reviewed by THITHTOOLWIN on 09:38 Rating: 5
Powered by Blogger.